ကျွန်းလှနဲ့ ကန့်ဘလူရှိ ပြည်သူတွေကို စစ်ကောင်စီက ခရီးသွားခွင့်ပိတ်ထား

ကျွန်းလှနဲ့ ကန့်ဘလူရှိ ပြည်သူတွေကို စစ်ကောင်စီက ခရီးသွားခွင့်ပိတ်ထား

စစ်ကိုင်းတိုင်းရှိ ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်တွေမှာ ပြည်သူတွေကို စစ်ကောင်စီက ခရီးသွားခွင့်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကောလင်းမြို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်လိုက်ပြီးနောက် ကျွန်းလှနဲ့ ကန့်ဘလူမြို့အတွင်းက ပြည်သူတွေကို စစ်ကောင်စီက နို၀င်ဘာ ၉ ရက်ကစပြီး ခရီးသွားခွင့် ပိတ်လိုက်တယ်လို့ ဆိုပါတယ်။ 

"ကောလင်းမြို့သိမ်းတိုက်ပွဲလုပ်တော့ ပြည်သူတွေ ပိတ်မိနေသလိုမျိုး ကျွန်းလှ၊ ကန့်ဘလူကလူတွေကလည်း ကြောက်ကြတယ်။ အဲ့ဒါကို စစ်ကောင်စီက ခရီးသွားခွင့်ပိတ်ပြီး ကားလိုင်းတွေကိုလည်း လူအတင်မခံဘူး။ အခွံတိုင်းပြန်ခိုင်းတယ်"လို့ ကျွန်းလှဒေသခံ အမျိုးသမီးတဦးက မြေလတ်အသံ ကိုပြောပါတယ်။

ဒါ့အပြင် ကန့်ဘလူ ၆၀၀၆ အမြောက်တပ်ရင်းနဲ့ GTC ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကလည်း လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်တာတွေ လုပ်နေပြီး မြို့နေပြည်သူတွေကိုလည်း မြို့ပြင်မထွက်ခိုင်းဘူးလို့ ဆိုပါတယ်။ 

အဲ့ဒီလို စစ်ကောင်စီတပ်က ပစ်ခတ်နေတာကြောင့် ကန့်ဘလူမြောက်ဘက် ကျွန်းလှမြို့နဲ့ အနီးတဝိုက်ရှိ ကျေးရွာတွေနဲ့ ကန့်ဘလူတောင်ခြမ်းမှာရှိ ကျေးရွာတွေက ပြည်သူတွေလည်း ထိခိုက်တာတွေရှိပြီး စစ်ကောင်စီတပ်က သွားလာခွင့်ပိတ်လိုက်တဲ့အတွက် စီးပွားရေးအကျပ်အတည်းနဲ့ ဆေးကုသမှု အခက်အခဲတွေလည်း ရှိနေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ကျွန်းလှ #ကန့်ဘလူ #စစ်ကောင်စီ #ခရီးသွားခွင့် #ကန့်သတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10