သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မြန်မာတနိုင်ငံလုံးက မြေလတ်ဒေသအပါအဝင် ကျေးလက်ဒေသတွေမှာ ယခင်က လယ်ယာ စိုက်ပျိုးရေးကဏ္ဍအတွက် အထူးအားထားရတဲ့ ကျွဲနွားတွေရှားပါးလာနေပါတယ်။ အဓိကကတော့ ပြည်တွင်းက လုပ်ငန်းရှင်အချို့ဟာ ကျွဲနွားတွေကို တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကိုတင်ပို့ဖို့ ဈေးကောင်းပေးဝယ်ယူမှုတွေပြုလုပ်ပြီး ဒီနေရာမှာ တရုတ်နိုင်ငံထုတ် လယ်ယာသုံးစက်ပစ္စည်းတွေကို တောင်သူလယ်သမားတွေ ဝယ်ယူနိုင်တဲ့နည်းလမ်းမျိုးစုံအသုံးပြုပြီး အစားထိုးတင်သွင်းရောင်းချမှုတွေ ပြုလုပ်လာတာ တွေ့ရပါတယ်။
ဒီလို ကျွဲနွားရှားပါးမှုတွေကြောင့် လယ်/ယာ စိုက်ပျိုးရေး လုပ်ငန်းခွင်တွေမှာ တရုတ်နိုင်ငံထုတ်စက်တွေကို အားထားလာတာတွေ့ရတော့ ယနေ့လို စက်ပစ္စည်းဈေးနှုန်းကြီးမြင့်မှု၊ လောင်စာဆီပြဿနာ၊ မြေဩဇာဈေးနှုန်းကြီးမြင့်မှုတွေအပြင် တရုတ်စက်ပစ္စည်းတွေရဲ့အရည်အသွေးအားနည်းပြီး ပြင်ဆင်စရိတ်ကြီးမြင့်မှု စတဲ့ဒါဏ်တွေကို တောင်သူလယ်သမားတွေအလူးအလဲခံနေကြရတော့ နောက်ဆက်တွဲ ဒီအကျိုးဆက်က ဘာတွေဖြစ်လာမလဲဆိုတာ ဒီတပါတ်မြေလတ်ဒေသ "လူမှု၊ စီးပွါး" အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ (မြေလတ်အသံ) က သုံးသပ်တင်ဆက်ပေးသွားပါမယ်။
#လူမှုစီးပွါး
#မြေလတ်အသံ
Share Share Share