ကြာအင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အသေများလို့ ရွာကို မီးတင်ရှို့ပြီး ရွာသား ၇ ဦးကိုသတ်

ကြာအင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အသေများလို့ ရွာကို မီးတင်ရှို့ပြီး ရွာသား ၇ ဦးကိုသတ်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အောက်ကြာအင်းရွာနားမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများလို့ ရွာကိုမဲကာ မီးတင်ရှို့နေပြီး ရွာသား ၇ ဦးလည်း သတ်ဖြတ်ခံထား ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၉ ရက် ဒီကနေ့ မနက် ၅ နာရီဝန်းကျင်က ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အသေဆုံးများလို့ မနက် ၈ နာရီဝန်းကျင်မှာတော့ အောက်ကြာအင်းရွာကို မီးဝင်ရှို့ကာ ဖမ်းမိတဲ့ရွာသား တချို့ကိုလည်း သတ်ဖြတ်ထားတယ်လို့ ဆိုပါတယ်။

“ရန်သူက လက်နက်ကြီးနဲ့ ပစ်ပြီးမှ ပိုင်ပြီထင်ပြီး ကွင်းပြောင်ကနေ တက်လာကြတာ။ လယ်ကွင်းထဲက ဖြတ်တက်လာတော့ ဒီဘက်က တပြိုင်တည်း ဝိုင်းဆော်တော့ သူတို့(စကစ)ဘက်က အသေအပျောက်များတာပေါ့။ ၅၀ ကျော်လောက် သေတယ်လို့တော့ကြားရတယ်။ အတည်ပြုဖို့တော့ လိုသေးတယ်။ လက်နက်ကြီးကတော့ တော်တော်ကိုပစ်တာ အလုံး ၁၀၀ နီးပါးတောင် ရှိမလား မသိဘူး။” လို့ ဒေသခံရဲဘော်တဦးက ပြောပါတယ်။

မြေပြင်ကင်းထောက်တွေရဲ့ သတင်းပေးပို့ချက်အရ အခုလက်ရှိ အောက်ကြာအင်းရွာက ရွာသား ၆ ဦးကို လည်လှီးသတ်ဖြတ်ထားကာ ၁ ဦးကိုတော့ မီးရှို့သတ်ထားတယ်လို့ ကနဦးသိထားရပြီး ပျက်စီးအိမ်ခြေအရေ အတွက်နဲ့ သတ်ဖြတ်ခံရတဲ့ ရွာသားတွေအခြေနေကတော့ စစ်ကြောင်းရှိနေသေးတဲ့အတွက် အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။ 

ကြာအင်းရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅၀ ကျော်သေဆုံးနိုင်တယ်လို့ ဒေသခံတွေနဲ့ ရဲဘော်တွေက ပြောဆိုနေကြပြီး စစ်ကောင်စီဘက်ကလည်း ဖြူးနဲ့ဇေယျဝတီကြားမှာရှိတဲ့ အမြန်လမ်းက တပ်တွေကို စစ်ကူပို့လွှတ်နေကာ  ငါးခေါင်းအင်းရွာဘက်ကနေ တဆင့် ကြာအင်းဘက်ကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထွက်လာနေတယ်လို့ သိရပါတယ်။

အောက်ကြာအင်းမှာ ဩဂုတ် ၈ ရက် မနေ့က မနက် ၅ နာရီကတည်းက တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ကျေးရွာတဝိုက်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတချို့လည်း ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ပုံစာ - ကြာအင်းရွာကို မီးရှို့နေပုံ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း၊ #ဖြူးမြို့နယ်၊ #အောက်ကြာအင်းရွာနားမှာ #စစ်ကောင်စီနဲ့ #PDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10