ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုက ဒေသခံနေအိမ်တွေကို မီးဝင်ရှို့

ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုက ဒေသခံနေအိမ်တွေကို မီးဝင်ရှို့

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကယားပြုံးကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက် ညနေ ၄ နာရီလောက်မှာ ခလရ ၃၉ တပ်ကနေ ကား ၆ စီး အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီအဖွဲ့ဟာ တောင်ငူ - သံတောင်လမ်း၊ ရေဆင်းကုန်းနဲ့ ကယားပြုံးချောင်းရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ရွာကိုဝင်ပြီး မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ 

"သူတို့ကြားဖြတ်တိုက်ခိုက်ခံရတာကို ရွာသားတွေကြောင့်ဆိုပြီး ရွာကိုမကျေနပ်လို့ မီးရှို့သွားတဲ့သဘောရှိတယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်သွားသေးတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီတပ်မီးရှို့သွားလို့ တောင်ငူ - သံတောင်လမ်းဘေးက နေအိမ်တွေနဲ့ ကယားပြုံးချောင်းရွာထဲက နေအိမ် စုစုပေါင်း ၂၅ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က နေအိမ်တွေမီးရှို့၊ လက်နက်ကြီးတွေနဲ့ပစ်နေလို့ ရေဆင်းကုန်းကျေးရွာနဲ့ ကယားပြုံးကျေးရွာက ဒေသခံ ၃၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး သူတို့တွေအတွက် အမိုးအကာနဲ့ စားစရာတွေ လိုအပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

နိုဝင်ဘာ ၁၁ ရက် ညပိုင်းကလည်း သံတောင်ကြီးမြို့နယ်၊ တောင်ငူ - လွိုင်ကော်လမ်း ယာဒိုကျေးရွာ၊ဝါသောခိုနဲ့ ပရယ်စော်ရွာကို စစ်ကောင်စီတပ်ဘက်က လေယာဥ်နဲ့ဗုံးလာကျဲလို့ ဒေသခံ ၆ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

ဓါတ်ပုံ - ThandaungMupoe  

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူးတိုင်း #တောင်ငူမြို့နယ် #ကယားပြုံးကျေးရွာ #စစ်ကောင်စီ #တိုက်ခိုက်ခံရ #ဒေသခံနေအိမ် #မီးရှို့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10