သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လက်ပုကန်ကျေးရွာအနီးမှာ တိုက်ခိုက်ခံလိုက်ရပြီး ထောက်ပို့ ၅ ဦးပျောက်ဆုံးခဲ့သလို သေနတ် ၄ လက်နဲ့ ကား ၂ စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၄ ရက် ညနေ ၄ နာရီခန့်မှာ ကျားဘီလူးစစ်ကြောင်းကစစ်သားတွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံရတာလို့ ဗျူဟာမှူးသခင်ဒေါင်းညို ကပြောပါတယ်။
ပစ်ခတ်မှုအတွင်း ကျားဘီလူးစစ်ကြောင်းက ၃ ဦးအပြင်းအထန်ဒဏ်ရာရပြီး သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ရဲ့ ထောက်ပို့တပ်သား ၅ ဦးပျောက်ဆုံးကာ ၃ ဦးဒဏ်ရာရ၍ AK မောင်းပြန် ၄ လက်နဲ့ မော်တော်ယာဉ် ၂ စီးဆုံးရှုံးခဲ့ရတယ်လို့ သူကပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ အင်အား ၁၅၀ ပါ ကျားဘီလူးစစ်ကြောင်းဖြစ်ပြီး ဆားလင်းကြီးမြို့နယ်ထဲ ရောက်သွားပြီလို့ ဆိုပါတယ်။
သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့နဲ့ ကျားဘီလူးစစ်ကြောင်းတို့ဟာ အကြိမ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ရုပ်သံသတင်း #မြေလတ်သတင်း #စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့# စစ်ကောင်စီ #ကျားဘီလူးစစ်ကြောင်း #ထောက်ပို့
Share Share Share