ကြိုထောင်ထားတဲ့မိုင်းပေါက်လို့ စစ်ဆေးရေးဂိတ်က စစ်သား ၂ ဦး သေဆုံး

ကြိုထောင်ထားတဲ့မိုင်းပေါက်လို့ စစ်ဆေးရေးဂိတ်က စစ်သား ၂ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာ၊ ဆည်တာဘောင်အနီး လမ်းသွားလမ်းလာတွေကို စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီအဖွဲ့ မိုင်းထိလို့ ၂ ဦးသေတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့ဝင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၁ ရက် မနက် ၆ နာရီကျော်မှာ မဲဇလီကျေးရွာအရှေ့ဘက်၊ သုသာန်အနီး ဆည်တာဘောင်အကြားမှာ စစ်ကောင်စီအဖွဲ့တွေ စစ်ဆေးရေးလုပ်တတ်တဲ့နေရာနား မိုင်းထောင်ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

"ရွာထိပ်မှာ ဂိတ်ဖွင့်ထားတာ။ ကျနော်တို့အခေါ်တော့ မဖဲဝါဂိတ်ပေါ့။ အဲ့ဂိတ်က ညဘက်ဆိုပြန်ခေါက်တယ်။ နေ့ပိုင်းမှာ ပြန်လာတာ။ ညပိုင်းမှာမိုင်းဝင်ထောင်ခဲ့ပြီး လာတဲ့အချိန်မှာမှ မိုင်းဆွဲခဲ့တာ။"လို့ ဒေသတော်လှန်ရေးအဖွဲ့ဝင် ၁ ဦးက ပြောပါတယ်။

မိုင်းဆွဲချိန် ဂိတ်အနီးမှာ စစ်ကောင်စီအဖွဲ့ဝင် ၅ ဦးခန့်ရှိနေပြီး မိုင်းထိလို့ စစ်ကောင်စီတပ်သား ၂ ဦးနေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

"သေတာက ဝါတပ်က တပ်ကြပ်ကြီးပါတယ်။ သူက ဦးခေါင်းပွင့်သေတယ်။ ခုရက်ပိုင်းတွေမှာ စစ်ကြောင်းထိုးမှာတို့ ရွာသူရွာသားတွေကို အစစ်ဆေးကြမ်းလာလို့ လုပ်လိုက်တာလို့ပဲ သိရတယ်"လို့ ဒေသခံအမျိုးသမီး ၁ ဦးက ပြောပါတယ်။

မိုင်းဆွဲခံရတဲ့စစ်ကောင်စီအဖွဲ့ဟာ မယ်ဇလီကျေးရွာ ရဲစခန်းထဲမှာပြန်နေလိုက် ဂိတ်မှာလာရောက်စစ်ဆေးလိုက်ပုံစံမျိုးနဲ့ အသွားအပြန်လုပ်နေကြတာလို့ ဆိုပါတယ်။

မိုင်းဆွဲခံရပြီးနောက်မှာတော့ သေဆုံးသွားတဲ့စစ်ကောင်စီအဖွဲ့ဝင် ၂ ဦးကို လူနာတင်ယာဥ်နဲ့ ပွင့်ဖြူမြို့ဘက်ကို သယ်သွားတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၀ ရက် နေ့လယ် ၁ နာရီလောက်မှာလည်း ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသာဒွေးအောင် နေအိမ်အနီး မိုင်းပေါက်ကွဲမှုဖြစ်ပြီး ပွင့်ဖြူမြို့မရဲစခန်းမှူးအပါအဝင် ၅ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မကွေး #ပွင့်ဖြူ #မိုင်း #စစ်တပ် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10