ကြို့ပင်ကောက်မှာ အုပ်ချုပ်ရေးမှူးလင်မယား ၂ ဦး သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး

ကြို့ပင်ကောက်မှာ အုပ်ချုပ်ရေးမှူးလင်မယား ၂ ဦး သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်‌ကောက်မြို့နယ်က အုပ်ချုပ်ရေးမှုးလင်မယား ၂ ဦးကို ခရိုင် PDF က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ကြို့ပင်ကောက် PDF ဆီက သိရပါတယ်။

ကြို့ပင်ကောက်မြို့နယ် ဖုန်းဆိုးစုကျေးရွာအုပ်စု၊ ရဲတမန်ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ် ကြံ့ခိုင်းရေးပါတီဝင်လည်းဖြစ်တဲ့ ဦးမျိုးမြင့်ဦးနဲ့ ဇနီးဖြစ်သူတို့ ၂ ဦးကို ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ က ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပဲခူးတိုင်း PDF တာဝန်ခံက ပြောပါတယ်။ 

"သူတို့ကြောင့် ရွာကလူငယ်တချို့ အဖမ်းခံရတာရှိပါတယ်။ ငွေကြေးတောင်းပြီးတော့ စကစဘက်က ပြန်လွှတ်ပေးတယ်။ အရင်က စာနဲ့သတိပေးခဲ့တာလဲရှိတယ်။ မြို့နယ် Page ကနေ တင်ပြီးတော့ သတိပေးခဲ့တာလဲရှိပါတယ်။ သူတို့အိမ်မှာရှိတဲ့အချိန်ကို ကျနော်တို့က ဝင်ပစ်တာပါ၊ တယောက်ကို ၂ ချက်စီပါ" လို့ ပဲခူးတိုင်း PDF တာဝန်ခံက ပြောပါတယ်။

အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် မလိုက်နာတဲ့ အပြင် ဆက်ပြီး သတင်းပေး ဖမ်းဆီးတာတွေကို လုပ်ဆောင်နေလို့ ရှင်းလင်းလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

အဲ့ဒီလင်မယား ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ကြို့ပင်ကောက်ဆေးရုံ ရင်ခွဲရုံကို သယ်သွားပြီး လက်ရှိမှာတော့ ရွာထဲကို စစ်တပ်နဲ့ ရဲတွေ ရောက်နေပြီး ရွာသူရွာသားတွေကို နေပူထဲမှာ မှောက်ခိုင်းထားတယ်လို့ သိရပါတယ်။

ဧပြီလ ၄ ရက် မနေ့ကလည်း သာယာဝတီခရိုင် PDF ကပဲ သာယာဝတီမြို့ ရန်ကုန်-ပြည်လမ်းပေါ်က ရဲတပ်ဖွဲ့တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့လို့ ၁ ဦးဒဏ်ရာပြင်းထန်ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10