ကြေးနီကားတွေကို ကင်းပုန်းဝပ်ပေးတဲ့စစ်အုပ်စု Fixed Wings Drone နဲ့ ဗုံးကြဲခံရပြီး  ၅ ဦးသေ ၇ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအနားမှာ ကြေးနီးယာဥ်တန်းတွေကို လုံခြုံရေးပေးပြီး ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က Fixed Wings Drone နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီကြေးနီသယ်ယာဉ်တန်းဟာ ဇူလိုင် ၂၅ ရက် မနက် ၉ နာရီမှာ အင်အား ၃၀ နဲ့ မုံရွာကနေ မန္တလေးဘက်ကို ထွက်လာရာ အဲဒီကားတွေအတွက် ကင်းပုန်းဝပ်ပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ငါးယှန်ရွာအနားမှာ  ကာကွယ်ရေးအဖွဲ့တွေဘက်က Fixed Wings Drone ၃ စီးနဲ့ ဗုံး ၉ လုံး ကြဲချတိုက်ခိုက်တာခံရပြီး ၅ ဦးသေဆုံးကာ ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Standard Revolution Force - SRF MMU တာဝန်ခံက ပြောပါတယ်။ 

ဗုံးကြဲခံရတာကြောင့် စစ်အုပ်စုဘက်က ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရကာ Jammer ကား ၁ စီးလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ 

"သေဆုံးမှုကို အတည်ပြုနိုင်တာက သူတို့ (ဒဏ်ရာရ)က ချောင်းဦးမြို့ ဆေးရုံတက်တာ၊ ဆေးရုံကနေ တဆင့် ပြန်ပြီးသိရတာပါ" လို့ Standard Revolution Force - SRF MMU တာဝန်ခံက ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကိုတော့ Standard Revolution Force - SRF MMU၊ PEACOCK DRONE TEAM-MYAUNG နဲ့ မိုင်းမင်းသားတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ချောင်းဦး #ကြေးနီသယ်ယာဉ်တန်း #စစ်အုပ်စု  #ကင်းပုန်းဝပ် #FixedWingsDrone #ဗုံးကြဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10