ကြေးနီကား‌တွေကို လုံခြုံရေးယူတဲ့ စစ်အုပ်စု ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ၈ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာနဲ့ အလ္လကပ္ပရွာအကြား ဒို့မြန်မာဆီဆိုင်အနီးမှာ တပ်စွဲပြီး ကြေးနီကားတွေကို လုံခြုံရေးယူပေးတဲ့ စစ်အုပ်စုကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၂၄ ရက် နေ့လယ် ၂ နာရီ ၅၅ မိနစ်မှာ  ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်း ၆ စီးနဲ့ ဗုံး ၇ လုံးကြဲချခဲ့တာလို့ Standard Revolution Force - SRF MMU တာဝန်ခံက ပြောပါတယ်။ 

"ဒရုန်း ၆ စီးနဲ့ ဗုံးကြဲချခဲ့တာ၊ ဆီဆိုင်ရဲ့မျက်နှာစာနဲ့ ဆီဆိုင်နောက်ကြောက အဆောက်အဦတွေပေါ်ကို ချခဲ့တာ၊။အဲ့ဒီမှာက အင်အား ၃၀ လောက်တော့ရှိတယ်။ တပ်ရင်းတော့သေချာမသိဘူး၊ အပြောင်းအလဲတွေရှိတာကြောင့်ပါ။ ထိခိုက်သေဆုံးမှုက ၈ ကောင်ဒဏ်ရာရတယ်"လို့ Standard Revolution Force - SRF MMU တာဝန်ခံက ပြောပါတယ်။ 

ဒီဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကိုတော့ Standard Revolution force(SRF -MMU)၊ peacock Dore Team၊ M.D.F ကျားခင်စိန်၊ စစ်ကိုင်းခရိုင် တပ်ရင်း ၁ တပ်ခွဲ ၃၊ Black Eagle၊ MyoTharspecial people defence force၊ Justice warrior force မိုင်းမင်းသားတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မြင်းမူ  #ကြေးနီကား‌ #လုံခြုံရေးယူ #စစ်အုပ်စု #ဒရုန်းဗုံးကြဲခံရ #ထိခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10