ကြေးနီကားတွေအတွက် ကင်းပုန်းဝပ်ပေးတဲ့စစ်အုပ်စု မိုင်း ၂ ကြိမ်ဆွဲခံရပြီး  ၅ ဦးသေဆုံး ၇ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ကနေ ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မြင်းမူမြို့အထွက်မှာ မိုင်း ၂ ကြိမ်ဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၄ ရက် မနက် ၈ နာရီ ၁၅ မိနစ်မှာ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ပြီး ဒုတိယအကြိမ် မနက် ၉ နာရီ မိုင်းဆွဲတိုက်ခိုက်ကာ လက်နက်ငယ်တွေနဲ့ပစ်ခတ်ရာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ကြာခဲ့တယ်လို့ Dog Killers People's Defence Force Myinmu (DK PDF-MMU) ရဲဘော် မောင်ကာက ပြောပါတယ်။ 

အဲဒီစစ်အုပ်စုဟာ အင်အား ၂၀ နဲ့  မန္တလေးကနေ မုံရွာကို သွားတဲ့ ကြေးနီကားတွေ အသွားအလာကို ကင်းပုန်းဝပ်ပေးဖို့အတွက် ခြေလျင်ထွက်လာရာ မြင်းမူမြို့အထွက်မှာ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး ၅ ဦးသေဆုံးကာ ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

"ပထမဆွဲတာမှာ ၅ ကောင်သေပြီး ၇ ကောင် ဒဏ်ရာရတယ်။ အဲ့ဒါက ကျနော်တို့ မျက်မြင်ပါ၊ နောက် ဒုတိယအကြိမ် မိနစ် ၃၀ အကြာမှာ ကားနဲ့လာချတယ်၊ အရင် မိုင်းဆွဲတဲ့နေရာပဲလာပြီးတော့ ကျနော်တို့ဘက်ကို ဂန်းငယ်တွေနဲ့ ပစ်ခတ်တယ်။ ပစ်ခတ်တဲ့အချိန်မှာ မိုင်း ဒုတိယ ၁ လုံးထပ်ခွဲတယ်"လို့ ရဲဘော် မောင်ကာက ပြောပါတယ်။

ပထမအကြိမ်မှာ မိုင်းတပွိုင့်ကို ၃ လုံးတွဲခွဲခဲ့ပြီး ဒုတိယအကြိမ်၂ လုံးတွဲထပ်မံခွဲခဲ့ရာမှာ စစ်အုပ်စုဘက်က ပြန်လည်ပစ်ခတ်တာတွေကြောင့် ဒုတိယအကြိမ်မိုင်းဆွဲမှုမှာ သေဆုံးထိခိုက်မှုကို မမြင်လိုက်ရဘူးလို့ ပြောပါတယ်။ အပြန်အလှန်ပစ်ခတ်မှုအပြီးမှာ ဒဏ်ရာရတဲ့ စစ်သားတွေကို ကားပေါ်တင်ကာ မြို့ထဲပြန်ဝင်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

ကြေးနီးကားတွေအတွက် ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ မြင်းမူမြို့ အထက ၁ ထဲမှာ တပ်စွဲထားတဲ့ စစ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Dog Killers People's Defence Force Myinmu (DK PDF-MMU) နဲ့ (U.S.A.R ) Peoples Defence Force M.M.U) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြင်းမူ #ကြေးနီကား #ကင်းပုန်းဝပ် #စစ်အုပ်စု #မိုင်းဆွဲ #စစ်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10