ကြေးနီတောင်ကထွက်လာတဲ့ ကြေးနီကားတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲ၊ ပစ်ခတ် (ရုပ်/သံ)

ကြေးနီတောင်ကနေ ကြေးနီတွေ သယ်လာတဲ့ကားတွေကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဝမ်းပြည့်ရွာနဲ့ အလ္လကပ္ပရွာအကြားမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲခဲ့သလို လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကြေးနီသယ်ဆောင်လာတဲ့ကားတွေဟာ မုံရွာမြို့နယ် ကြေးနီတောင်ကနေ ထွက်လာတာဖြစ်ပြီး မေ ၁၀ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်း ၅ လုံးဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့  DK PDF MMU ရဲဘော်မောင်ပြူးက ပြောပါတယ်။ 

"ကျနော်တို့ မိုင်း ၅ လုံးဆွဲခဲ့တာ။ မိုင်းဆွဲပြီး ပစ်ခတ်မှုဖြစ်တာက ၁၀ မိနစ်ဝန်းကျင်ပဲကြာခဲ့တယ်။ ကျနော်တို့ ကင်းပုန်းအဖွဲ့နဲ့တွေ့ပြီး ပစ်ခတ်တာက မိနစ် ၂၀ လောက်ကြာခဲ့တယ်။  ၄ စီးမြောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ" လို့ DK PDF MMU ရဲဘော်မောင်ပြူးက ပြောပါတယ်။

ကြေးနီးကား ၈ စီးထဲက ၄ စီးမြောက်ကိုထိမှန်ကာ ကားတာရာတွေ ပွင့်ထွက်ကုန်တယ်လို့လည်း ဆိုပါတယ်။ အခုလို တိုက်ခိုက်ရတာဟာ စစ်ကောင်စီက ဒီကြေးနီတွေကို လက်နက်ခဲယမ်းထုတ်လုပ်ဖို့ အသုံးပြုကာ ပြည်သူတွေကို ပြန်ပစ်ခတ်မှာဖြစ်တာကြောင့် တိုက်ခိုက်ရတာလို့ ရဲဘော်မောင်ပြူး ကဆက်ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက် ကြေးနီသယ်လာတဲ့ ကားတွေဟာ မန္တလေးဘက်ကို တက်သွားတယ်လို့ သိရပါတယ်။

အဆိုပါ မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်မှုကို Dog Killers People's Defence Force Myinmu (DK PDF-MMU)၊ ဇေရာရွှေမြေ၊ မြင်းမူဖိုက်တာ၊ အနောက်ခြမ်း ပကဖ၊ မြင်းမူမြို့နယ် ရပ်ကျေး ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မုံရွာ #ကြေးနီတောင် #ကြေးနီသယ်ကား #တိုက်ခိုက်ခံရ  #မိုင်းဆွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10