ကြေးနီတွေ သယ်ဆောင်လာတဲ့ယာဉ်တန်း မိုင်းဆွဲခံရပြီး ၁၂ဘီးယာဉ်မောင်းသေဆုံးဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လက်ပံတောင်းတောင်ကနေ ကြေးနီတွေ သယ်လာတဲ့ ၁၂ဘီးကား  ၁၇ စီးကို မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာ နဲ့ အလ္လကပ္ပရွာအကြားမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကြေးနီတွေသယ်ဆောင်လာတဲ့ယာဉ်တန်းဟာ လက်ပံတောင်းတောင်ကနေ ထွက်လာတာဖြစ်ပြီး ဇွန် ၁၈ ရက် ညနေ ၅နာရီဝန်းကျင်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်း ၁၀ လုံးဆွဲပြီးတိုက်ခိုက်ခဲ့တာလို့ DK PDF MMU တပ်ဖွဲ့ဝင် ရဲဘော်မောင်ပြူးက ပြောပါတယ်။ 

"မိုင်းဆွဲတိုက်ခိုက်ရာမှာ ၇ စီးမြောက် နဲ့ ၈ စီးမြောက်ကားကိုထိမှန်ပြီး ကြေးနီကား ၁ စီးမှောက်သွားတယ်၊ ကားပေါ်မှာက လက်နက်ကိုင်လုံခြုံရေး ၃ ဦးနဲ့ ကားမောင်းတဲ့ဒရိုက်ဘာနဲ့ဆို ၄ ဦးပါတယ်၊ ဒဏ်ရာရတာက ၃ ဦးပါ၊ ကြေးနီကားကို မောင်းလာတဲ့ကားသမားကတော့ အဲ့ဒီနေရာမှာပဲ ဦးနှောက်ပွင့်ပြီးတော့ သေဆုံးသွားတယ်"လို့  DK PDF MMU တပ်ဖွဲ့ဝင်ရဲဘော်မောင်ပြူးက ပြောပါတယ်။

ဒါ့အပြင် မိုင်းထိပြီးမှောက်သွားတဲ့ကားကိုပြန်ထောင်ကာ လမ်းသွားလမ်းလာ ခရီးသယ်ကားတွေကိုလည်း အလ္လာကပ္ပရွာအနားနဲ့ ဝမ်းပြည့်ရွာအနားတို့မှာစစ်ဆေးမှုတွေလုပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကိုတော့ Dog Killers People's Defence Force Myinmu (DK PDF-MMU) ၊ ဒေါင်းဖြူ PDF  ၊ STANDARD REVOLUTION FORCE- S R F MMU တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10