ကြံ့ခိုင်ရေးပါတီဝင်ရဲ့နေအိမ် ဗုံးပစ်ခံရလို့ ကလေးငယ် ၁ ဦး ဒဏ်ရာရ

ကြံ့ခိုင်ရေးပါတီဝင်ရဲ့နေအိမ် ဗုံးပစ်ခံရလို့ ကလေးငယ် ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်၊ မှော်ကန်ရပ် ၂၁ လမ်းက ကြံခိုင်ရေးပါတီဝင်တဦးရဲ့နေအိမ် ဗုံးပစ်ခံရပြီး ကလေးငယ် ၁ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီကျော်လောက်မှာ ကြံ့ခိုင်ရေးပါတီဝင် ဦးကျော်လင်း နေအိမ်ကို အမျိုးသား ၁ ဦးက လက်ပစ်ဗုံး ပစ်သွင်းခဲ့တာလို့ ဆိုပါတယ်။

"ပထမတော့ အသံဗုံးပေါက်တယ်လို့ ကြားတာ။ နောက်မှ လက်ပစ်ဗုံးပစ်ခံရတယ်လို့ သိရတယ်။ ဗုံးလာပစ်တာကို အိမ်ထဲကို မရောက်လိုက်ဘဲ အပြင်မှာပဲ ကျကွဲသွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်မှုကြောင့် နေအိမ်ရှေ့ရှိနေတဲ့ ဦးကျော်လင်းရဲ့ တူမဖြစ်သူ မဖြူဖွေး ၇ နှစ်မှာ ယာဘက်လက်ပွန်းပဲ့ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲဆိုတာကိုတော့ ထုတ်ပြန်ကြေညာထားတာ မရှိသေးပါဘူး။ 

ဗုံးပေါက်ကွဲပြီးနောက်မှာ စစ်ကောင်စီအဖွဲ့တွေ လာရောက်စစ်ဆေးခဲ့ကာ ဒဏ်ရာရ ကလေးငယ်ကိုတော့ အရပ်ဆေးခန်းမှာပဲ ဆေးကုသမှုပေးခဲ့ရတယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက် ညနေ ၅ နာရီကျော်လောက်ကလည်း ပဲခူးမြို့၊ ရွှေမော်ဓောဘုရား၊ ကားကြီးကွင်းထဲက စျေးဆိုင်တန်းတွေဘက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပွဲစျေးလာ အမျိုးသမီး ၁ ဦး ထိခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ပုဏ္ဏာစုရပ်ကွက် #ကြံ့ခိုင်ရေး #ဗုံပစ်သွင်း #ကလေးငယ်ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10