ကြံ့ခိုင်ရေးပါတီ အကြီးပိုင်း ၂ ဦးစီးလာတဲ့ကားက လူငယ် ၂ ဦးသေဆုံးအောင် တိုက်မှုအရေးယူတာ မရှိသေး

ကြံ့ခိုင်ရေးပါတီ အကြီးပိုင်း ၂ ဦးစီးလာတဲ့ကားက လူငယ် ၂ ဦးသေဆုံးအောင် တိုက်မှုအရေးယူတာ မရှိသေး

KTV က ပြန်လာတဲ့ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ကြံ့ခိုင်ရေးပါတီအကြီးပိုင်း ၂ ဦး စီးလာတဲ့ကားက လူငယ် ၂ ဦးကို သေဆုံးအောင် တိုက်လိုက်ပေမယ့် အရေးယူခံရတာ မရှိသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန်လ ၁၇ ရက် ည ၁၀ နာရီခန့်မှာ ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာနဲ့ ဧကရာဇ်ကျေးရွာကြား ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးပေါ်မှာ ဝေါမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက မြို့နယ်အလုပ်အမှုဆောင် ဦးရဲမင်းကြည် မောင်းနှင်ပြီး အတွင်းရေးမှူး သက်တိုးဝင်း လိုက်ပါလာတဲ့ ကားနဲ့ လူငယ် ၂ ဦးစီးလာတဲ့ ဆိုင်ကယ်ဟာ မျက်နှာချင်းဆိုင် တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။

"အဲ့ညက မိုးကလည်း ရွာနေတယ်။ ယာဥ်တိုက်မှုဖြစ်ပြီးတော့ ကြံ့ခိုင်ရေးကလူတွေက နယ်ထိန်းကို ဖုန်းဆက်ပြီး ထွက်သွားတယ်။ ကလေးတွေက လမ်းပေါ်မှာ သေပြီးကျန်ခဲ့တာ။ ဖြစ်ဖြစ်ချင်း ​သေတဲ့ကလေးတွေက ဘယ်ကမှန်းလည်း မသိခဲ့ရလို့ ရဲဘက်ကပဲ ဝေါဆေးရုံကို ယူသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ကားနဲ့တိုက်ခံရပြီး သေဆုံးသွားတဲ့ လူငယ် ၂ ဦးအနက် ၁ ဦးဟာ အဘားကျေးရွာက ကိုပြည့် အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး ကျန်တဦးကလည်း အဘားကျေးရွာက  အသက် ၂၀ ကျော်အရွယ် လူငယ် ဖြစ်ပေမယ့် ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

လူငယ် ၂ ဦးကားတိုက်ခံရပြီး သေဆုံးသွားတာကိုတော့ ဇွန်လ ၁၈ ရက်ကမှ မိသားစုဝင်တွေက သိရလို့ ဝေါဆေးရုံကနေ အလောင်းပြန်ထုတ်ဖို့ စီစဥ်နေကြတယ်လို့ သိရပါတယ်။

လူသေဆုံးအောင် ကားနဲ့ တိုက်ခဲ့တဲ့ ဝေါမြို့နယ်က ကြံ့ခိုင်ရေးပါတီဝင်တွေကိုတော့ ရဲက ဇွန်လ ၁၉ ရက် မနက်ပိုင်းထိ အရေးယူ ဖမ်းဆီးထားတာ မျိုးမရှိဘဲ နေအိမ်တွေမှာ အေးဆေး နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ကြံ့ခိုင်ရေး #ပဲခူးတိုင်း #ဝေါမြို့ #အက်ဆီးဒင့် #အရေးယူမှုမရှိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10