ကြွက်ထိုးပြီး ပြန်လာတဲ့ ရွာသား ၁ ဦးကို စစ်ကောင်စီ သေနတ်နဲ့ပစ်သတ်

ကြွက်ထိုးပြီး ပြန်လာတဲ့ ရွာသား ၁ ဦးကို စစ်ကောင်စီ သေနတ်နဲ့ပစ်သတ်

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ သက်ငယ်ပြင်ကျေးရွာမှာ မနေ့ညက ကြွက်ထိုးပြီးပြန်လာတဲ့ ရွာသားတဦးကို စစ်ကောင်စီတပ်တွေက သေနတ်နဲ့ပစ်သတ်ပြီး အလောင်းကို ငွေကျပ် ၆ သိန်းဖြင့်လာရွေးဖို့ မိသားစုကို ပြောဆိုခဲ့တယ်လို့ ဒေသခံတဦးထံမှ သိရပါတယ်။

သေဆုံးသူမှာ သက်ငယ်ပြင်ကျေးရွာက ကိုစန်းထူးဆိုသူဖြစ်ပြီး၊ မနေ့ကည ၇ နာရီခန့်လောက်က သူနဲ့အတူ တခြားကြွက်ထိုးပြီး ပြန်လာတဲ့ သူငယ်ချင်းတဦးတို့ဟာ စစ်ကောင်စီတပ်တွေကိုတွေ့လို့ ကြောက်လန့်ထွက်ပြေးခဲ့ရာ နောက်မှသေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ကိုစန်းထူးသေဆုံးခဲ့ပြီး၊ တဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"သေနတ်သံနှစ်ချက်ကြားလိုက်ရတယ်။ ဘယ်သူမှတော့ သွားမကြည့်ရဲကြဘူး။ အိမ်ထဲကအိမ်ပြင်တောင် မထွက်ရဲကြဘူး။ စစ်သားတွေ၊ လူသတ်သမားတွေကို ကြောက်နေကြတယ်။ အားလုံးက ည ၇ နာရီလောက်မှာ ပစ်သတ်သွားပြီး နောက်နေ့မနက်မှာဘဲ အလောင်းကိုပြန်မပေးဘဲ မြို့မှာပဲ သင်္ဂြိုလ်လိုက်ကြတယ်။ အလောင်းကို ၆ သိန်းနဲ့ ရွေးခိုင်းတယ်လို့လဲ ပြောကြတယ်။" လို့ သူကဆက် ပြောပါတယ်။

ကိုစန်းထူးမှာ သူနေထိုင်ရာ သက်ငယ်ပြင်ရွာကို ကြွက်ထောင်ပြီး ပြန်လာစဉ် သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် နေရာမှာ ပွဲချင်းပြီး သေဆုံးကာ အလောင်းကို နတ်တလင်းမြို့ပေါ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သင်္ဂြိုလ်လိုက်ကြတာဖြစ်ပြီး သူ့မှာ ၇ နှစ်အရွယ် သမီးတဦးကျန်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10