ကြွယ်ပုံရွာက ပျူစောထီး ၁ ဦးကို ရှင်းလင်းပြီး သေနတ်ပါယူခဲ့

ကြွယ်ပုံရွာက ပျူစောထီး ၁ ဦးကို ရှင်းလင်းပြီး သေနတ်ပါယူခဲ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ်တွေအထိုင်ချတပ်စွဲရာ ကြွယ်ပုံကျေးရွာက ပျူစောထီး ၁ ဦးကို ပစ်ခတ်ရှင်းလင်းပြီးနောက် သူကိုင်ဆောင်တဲ့ သေနတ် ၁ လက်ကို ယူခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ဒီဇင်ဘာ ၆ ရက်မနက်ပိုင်းမှာ အသက် ၃၀ ကျော်အရွယ် ပျူစောထီးဇော်ဦး ရွာအနောက်ဘက်ကို ကင်းလှည့်ဖို့ထွက်ခွာလာချိန် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"ဇော်ဦးက တယောက်တည်း အရင်ကျွံ(ရောက်)လာတာပါ။ သူသေမှ ကျန်တဲ့ ပျူစောထီးတွေ ရောက်လာပြီး ထိတွေ့မှု ဖြစ်ခဲ့သေးတယ်။ အလောင်းကိုတော့ ပျူတွေယူသွားတယ်"လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဇော်ဦးဆီက သူကိုင်ဆောင်တဲ့ G 3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခုနဲ့ ကျည် ၁၇ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို PHOENIX (SGG)၊ စစ်ကိုင်းမြို့နယ် ပကဖ၊ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ Young People Defence Forcel Fight For Federal Royal Falcon Guerrilla Force၊စစ်ကိုင်းခရိုင် တပ်ရင်း ၇နဲ့ တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဇော်ဦးသေဆုံးတဲ့နေရာအနီးကိုလာတဲ့ စစ်သားနဲ့ ပျူစောထီးတွေကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ကြွယ်ပုံ #ပျူစောထီး #ကာကွယ်ရေးတပ် #ပစ်ခတ် #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10