ကွယ်လွန်သူ KIA စစ်ဦးစီးချုပ်အတွက် အလေးပြုအခမ်းအနား မန္တလေး PDF ပြုလုပ်

ကွယ်လွန်သူ KIA စစ်ဦးစီးချုပ်အတွက် အလေးပြုအခမ်းအနား မန္တလေး PDF ပြုလုပ်

KIO/KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်းအား လွမ်းဆွတ်တမ်းတသောအားဖြင့် တမိနစ် ငြိမ်သက်အလေးပြုအခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ပြုလုပ်ခဲ့ပါတယ်။ 

ကချင်လွတ်လပ်ရေးတပ်မတော် စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်းဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ၊ စစ်ဒေသမှူးတဦးလည်းဖြစ်ပါတယ်။

အသက် ၆၂ နှစ်အရွယ် စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းဟာ ၂ဝ၂၄ ခုနှစ် မေလ ၁၃ရက် ဒေသစံတော်ချိန် ညနေ (၆း၂၃) အချိန်မှာ အသည်းရောဂါနဲ့ ကွယ်လွန်အနိစ္စရောက်ခဲ့တာပါ။

ရခိုင်ပြည်အမျိုးသားကောင်စီ/ ရခိုင်ပြည်တပ်မတော် (ANC/AA) ကလည်း စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းရဲ့ ဈာပနကို ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

ဓါတ်ပုံ - ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ။

#မြေလတ်အသံ

#KIA #စစ်ဦးစီးချုပ် #ဒုတိယဗိုလ်ချုပ်ကြီး #Rခေါင်လွမ်း #ကွယ်လွန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10