ခက်ခဲကြမ်းတမ်းတဲ့ အခြေခံစစ်သင်တန်းမှာ အမျိုးသမီးရဲဘော် က အသန်မာဆုံးဆု ရရှိခဲ့

ခက်ခဲကြမ်းတမ်းတဲ့ အခြေခံစစ်သင်တန်းမှာ အမျိုးသမီးရဲဘော် က အသန်မာဆုံးဆု ရရှိခဲ့

မကွေးတိုင်းအခြေစိုက် မကွေးခရိုင်တပ်ရင်း ၂ မှာ အခြေခံစစ်သင်တန်း အပတ်စဉ် ၂ ကို လေ့ကျင့်သင်ကြားနေပြီး အမျိုးသားရဲဘော်တွေအပြင် အမျိုးသမီးရဲဘော် ၁ ဦးလည်း ထူးချွန်ဆုရခဲ့တယ်လို့ မကွေးခရိုင်တပ်ရင်း -၂ က တဆင့် သိရပါတယ်။ 

အခြေခံစစ်သင်တန်း လေ့ကျင့်ရေးနဲ့ စစ်ဆင်ရေးပြင်ဆင်မှုကို စက်တင်ဘာလ ပထမပတ်ကတည်းက စတင်ခဲ့ကာ သင်တန်းကာလ တလနီးပါးကြာမြင့်ပြီး ဆုရ အမျိုးသားရဲဘော် ၂ ဦး အမျိုးသမီးရဲဘော် ၁ ဦး ရှိတယ်လို့ ဆိုပါတယ်။ 

ခုသင်တန်းက အခက်ခဲတွေ အများကြီးရှိတယ်၊ အရင်သင်တန်းထပ်လည်း ပိုအားရတယ်၊ မိုးတွင်းဖြစ်နေတဲ့အတွက် ရေကြီးရေလျှံတာတွေ ဖျားနာတာတွေကြားက ရအောင် ပေးခဲ့ရတယ်၊ ဆုရအမျိုးသမီးရဲဘော်က သင်တန်းကာလတလျှောက်လုံး တရက်မှ မနားဘူး နေမကောင်းဖြစ်နေတာတောင် မနားဘူး၊ ဇွဲရှိတယ်။လို့  တပ်ရင်းတာဝန်ခံ ကိုစံသျှားက မြေလတ်အသံကို ပြောပါတယ်။


သင်တန်းမှာ အမျိုးသမီးရဲဘော် ၃ ဦးနဲ့ အမျိုးသားရဲဘော် ၁၀ ဦးကျော် ပါဝင်ပြီး သင်တန်းမှာ လက်အဖြောင့်ဆုံးဆု ၁ ဆု၊ အသန်မာဆုံးဆု ၂ ဆုရွေးချယ်ထားပြီး အမျိုးသမီးရဲဘော် ၁ ဦးကလည်း သင်တန်းကာလတလျှောက်လုံး အသန်မာဆုံးဆုကို ရခဲ့တယ်လို့ ဆိုပါတယ်။ 

အပတ်စဉ် - ၁ သင်တန်းကို မတ်လကုန်ပိုင်းက ပေးခဲ့တာဖြစ်ပြီး အပတ်စဉ် ၂ ကိုတော့ အခုစက်တင်ဘာလအတွင်းမှာ ကျင်းပခဲ့ကာ အပတ်စဉ် ၃ အတွက်လည်း ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်သင်တန်း #အမျိုးသမီးရဲဘော် #အသန်မာဆုံးဆု #စစ်ဆင်ရေး #မကွေးတိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10