သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ဗအိုးကျေးရွာကို စစ်ကောင်စီတပ်က သြဂုတ် ၁၉ ရက် မွန်းလွဲ ၁ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ကိုမင်းသူ ၃၀ နှစ်မှာ နေအိမ်ထဲရှိနေချိန် ဗုံးစတွေထိမှန်သေဆုံးခဲ့တာဖြစ်ပြီး အမည်မသိရတဲ့ နောက်ထပ်အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
"ဗုံးကြဲတာ ရွာထဲကျတယ်။ အိမ်နှစ်လုံး၊ သုံးလုံးလောက်ပျက်စီးသွားတယ်။ ပြည်သူတဦးကတော့ မှန်ပြီးတော့ သေဆုံးသွားတာပေါ့" လို့ ခင်ဦး PDF မှ ရဲဘော်တဦးက ပြောပါတယ်။
ဗအိုးရွာနဲ့ ၂ မိုင်ခန့်ဝေးတဲ့ မဒေါင်းလှကျေးရွာက အင်အား ၃၀ ကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဩဂုတ် ၁၈ ရက်မှာ ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း အခုလို လေကြောင်း တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ဗအိုးကျေးရွာကို ဂျက်ဖိုက်တာတစီးနဲ့ ဗုံးကြဲတဲ့အပြင် Mi 35 ရဟတ်ယာဥ်တစီးနဲ့ပါ မိနစ် ၂၀ ကြာ ပစ်ခတ်ခဲ့တယ်လို့ အထက်ပါရဲဘော်က ပြောပါတယ်။
"ဖိုက်တာနဲ့ အရင်ဆုံး ပေါင် ၁၅၀ ဗုံးချသွားပြီးတော့ နောက်တခေါက်မှာ Mi 35 နဲ့ ပစ်တာ" လို့ သူက ဆက်ပြောပါ တယ်။
အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ ဗအိုးရွာကို ပထမအကြိမ်ဗုံးကြဲပြီးနောက်မှာပဲ ဗအိုးရွာက ဒေသခံတွေအပါအဝင် နောက်ထပ်ကျေးရွာ ၅ ရွာ က ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့တာကြောင့် ဒုတိယအကြိမ်တိုက်ခိုက်မှုမှာ ပြည်သူ အထိအခိုက်မရှိခဲ့တာလို့ ဆိုပါတယ်။
မဒေါင်းလှကျေးရွာရှိ အင်အား ၃၀ ကျော်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို သြဂုတ် ၁၈ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရွာထိပ်ရှိ ဘန်ကာတခုနဲ့ ရွာအနောက်ဘက်ရှိ ဘန်ကာတခု စုစုပေါင်း ဘန်ကာနှစ်ခုကို ဖြိုဖျက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ခင်ဦးမြို့ #ဗအိုးကျေးရွာ #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲ
Share Share Share