ခင်ဦးက ထွန်တုံးတိုက် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် (Photo News)

ခင်ဦးက ထွန်တုံးတိုက် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် (Photo News)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကျေးရွာတရွာမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု တခုအဖြစ် ထွန်းတုံးတိုက်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ 

သြဂုတ် ၂၉ ရက် ဒီမနက်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး  လှုပ်ရှားမှုမှာ ပါဝင်သူတွေက “ပြည်သူတင်တဲ့အစိုးရ ဒို့အစိုးရ၊ NUG အစိုးရ ဒို့အစိုးရ၊ စစ်အာဏာရှင်စနစ် အလိုမရှိ၊ စစ်အာဏာရှင်တွေ ကျဆုံးပါစေ၊ အညာဖက်ဒရယ် အောင်ရမည်” စတဲ့ တော်လှန်ရေးဆောင်ပုဒ်တွေကိုလည်း ကြွေးကြော်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။  

ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်တွေက ဆက်တိုက်ဆိုသလို စစ်ကြောင်းထိုး၊ နေအိမ်တွေကို မီးရှို့နေတဲ့ ကြားကပဲ ဒေသခံပြည်သူတွေနဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုအဖွဲ့တွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ရေး လှုပ်ရှာမှုတွေကို နည်းမျိုးစုံနဲ့ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။ 

#မြေလတ်အသံ

#စစ်အာဏာရှင်ဆန့်ကျင်ရေး #သပိတ် #photonews #ခင်ဦး #စစ်ကိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10