ခင်ဦးနယ်မှာ စစ်တပ်ရဲ့လက်နက်ကြီးမှန်လို့  အမျိုးသမီးနဲ့ ကလေးငယ်အပါ ၃ ဦး သေဆုံး

ခင်ဦးနယ်မှာ စစ်တပ်ရဲ့လက်နက်ကြီးမှန်လို့  အမျိုးသမီးနဲ့ ကလေးငယ်အပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာတွေကို ရေဦးတိုင်းရင်းဆေးရုံမှာ တပ်ဆွဲထားတဲ့စစ်အုပ်စုက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ၂ ရက်အတွင်း အမျိုးသမီး ၁ ဦးနဲ့ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ဒေသခံပြည်သူ ၈ ဦး အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီ ကသိရပါတယ်။

ယနေ့ ဇူလိုင် ၂၀ ရက် မနက် ၈ နာရီကျော်လောက်က ရေဦးမြို့နယ်၊ တိုင်းရင်းဆေးရုံမှာတပ်ဆွဲထားတဲ့စစ်တပ်ဟာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ခင်ဦးမြို့နယ်၊ မူးသာကျေးရွာထဲကို လက်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး​ပွဲချင်းပြီးသေဆုံးခဲ့ကာ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦးလည်း ရရှိထားတဲ့ဒဏ်ရာတွေနဲ့ပဲ သေဆုံးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် နောက်ထပ် ဒေသခံပြည်သူ ၃ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 "အခုကမြေပြင်စစ်ကြောင်းမှာ စစ်တပ်ကအရေးနိမ့်တဲ့အတွက် စစ်ကြောင်းကိုအသင့်တင့်ပဲထိုးပြီးတော့ အဝေးကနေပဲ လက်နက်ကြီးနဲ့ ကျေးရွာတွေကိုလှမ်းပစ်နေတာ" လို့ စစ်ရှောင် ကူညီထောက်ပံ့ရေးလုပ်နေတဲ့  Khin Oo Support Organization-KSO အဖွဲ့တာဝန်ခံ ဗိုလ်လင်းရောင်က ပြောပါတယ်။

ဒါ့အပြင် မနေ့က ဇူလိုင် ၁၉ ရက် နေ့လယ် ၁၁ နာရီကျော်လောက်ကလည်း ရေဦးမြို့မှစစ်တပ်ကပဲ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ခင်ဦးမြို့နယ်၊ သက်ပြင်းကျေးရွာကို ကျရောက်ခဲ့ပြီး အသက် ၆ နှစ်အရွယ် ယောကျာ်းလေး ၁ ဦးသေဆုံးခဲ့ကာ ၅ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

အဲဒီအထဲက အသက် ၅၀ ကျော် အမျိုးသားကတော့ အခြေအနေစိုးရိမ်ရပြီး ကျန် ၄ ဦးကလည်း ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်ကို စစ်အုပ်စုက လက်နက်ကြီးနဲ့ ဇူလိုင်လ ၁၆ ရက်ကတည်းက ဆက်တိုက်ပစ်ခတ်နေတဲံအတွက် အင်းပတ်၊ သက်ပြင်း၊ မူးသာကျေးရွာတွေအပါအဝင် ကျေးရွာ ၅ ရွာထပ်မနည်း ရွာပြင်ထွက် စစ်ရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခင်ဦးနယ် #ရေဦး #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #စစ်ရှောင် #သေဆုံးမှု #ကလေးသူငယ် #အမျိုးသမီး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10