ခင်ဦးနဲ့ ပုလဲနယ်မှာ စစ်ကောင်စီစစ်ကြောင်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အောက်တိုဘာ ၉ ရက် နေ့လယ် ၁ နာရီကျော်ခန့်က စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာ ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပကဖက ပြောပါတယ်။

ရေဦးမြို့ကနေထွက်ခွါလာတဲ့ အင်အား ၁၀၀ ကျော်ပါ ခြေလျင်စစ်ကြောင်းကို ခင်ဦးမြို့နယ်၊ ရွှေဂူတဲစုကျေးရွာထိပ် တံတားအနီးကို အရောက်မှာ မိုင်း ၁ လုံးဆွဲပြီးနောက် လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"အနီးကပ်ဆွဲတိုက်ခိုက်တာဖြစ်လို့ စကစ ၁၀ ကောင်လဲသွားတာကို မြင်ခဲ့ရတယ်။ နောက်ထပ်လည်း ဒဏ်ရာရ၊ သေဆုံးသူတွေရှိနိုင်တယ်"လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက သူတို့တပ်စခန်းရှိတဲ့ မကျီးတုံကျေးရွာကို ဆက်လက်ထွက်ခွာသွားပြီး အဲ့ဒီမှာညအိပ်ကာ အောက်တိုဘာ ၁၀ ရက် ဒီနေ့မှာတော့ ခင်ဦးမြို့ထဲကို ဆက်လက်ထွက်ခွာသွားနေကြတယ် လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ရွှေဘိုခရိုင်တပ်ရင်း ၃ နဲ့ ခင်ဦးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ အောက်တိုဘာ ၉ ရက် မနက် ၁၀ နာရီခန့်က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကုက္ကိုလ်ကုန်းရွာအနီးမှာလည်း စစ်ကောင်စီယာဉ်တန်းကို  မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ အမှတ် (၂၀၂) တပ်ရင်း၊ M7 People Defence Force၊ NSCC တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ အဲဒီအဖွဲ့တွေဆီက သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကောင်စီစစ်ကြောင်း #မိုင်းဆွဲတိုက်ခိုက်ခံရ #စစ်ကိုင်းတိုင်း #ခင်ဦး #ပုလဲ #ပကဖ #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10