ခင်ဦးမြို့နယ်တွင်တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးထက်မနည်း သေဆုံး

ခင်ဦးမြို့နယ်တွင်တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်အင်အား ၁၀၀ ကျော်နဲ့ ခင်ဦးမြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ အများအပြားထိခိုက် ဒဏ်ရာတွေရရှိခဲ့တယ်လို့ Khin Oo Special Force(KSO)အဖွဲ့ထံက သိရပါတယ်။

ရွှေဘိုမြို့လေ့ကျင့်ရေး ၈ စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ခင်ဦးမြို့ပေါ်မှာ ညအိပ်ပြီးနောက် ဇန်နဝါရီ ၁၀ ရက် မနေ့က ပျဥ်ထောင်ကျေးရွာဘက်ကိုလာရောက်စဥ် တဲစုကျေးရွာနဲ့ ပျဥ်ထောင်ကျေးရွာကြားထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

"ခင်ဦးမြို့နယ်ထဲမှာ ပွဲကြီးလိုမျိုး တကယ့်အကြီးကျယ်ကြီးကို မနေ့ကဖြစ်တာ။ ကျွန်တော်တို့ KSO အဖွဲ့ကတော့ ဒရုန်းနဲ့ သွားပူးပေါင်းတာပေါ့ဗျာ" လို့ KSO အဖွဲ့တာဝန်ခံ ဗိုလ်လင်းရောင်က ပြောပါတယ်။

တိုက်ပွဲဟာ ၁ နာရီကျော်ကြာပြီးနောက် စစ်ကောင်စီဘက်က ဒဏ်ရာရစစ်သားတွေကို တဲစုကျေးရွာ စာသင်ကျောင်းထဲမှာ ဆေးကုသပေးနေပြီး ယနေ့အထိ ပြန်ထွက်မလာသေးဘူးလို့သိရပါတယ်။

ပျဥ်ထောင်ကျေးရွာဟာ ခင်ဦးမြို့နယ်ထဲ ပျူစောထီးတွေရှိတဲ့ကျေးရွာတခုဖြစ်ပြီး အဲ့ဒီကျေးရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်တွေ ရွာပြင်ထွက် စပါးရိတ်ချိန်မှာ ကာကွယ်ရေးတပ်တွေက ဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်တာကြောင့် လုပ်ငန်းလည်ပတ်မရတဲ့အတွက် စစ်တပ်ကလုံခြုံရေးလာပေးတာဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။

"ဒီမနက်ပိုင်းမှာလည်း ပျဥ်ထောင်နားမှာ လုံခြုံရေးဖြန့်ချပြီး စကစနဲ့ ပျူစောထီးတွေက စပါးတွေ ထွက်ရိတ်ကြတယ်။ အခုကျွန်တော်တို့ ဒရုန်းနဲ့ချခဲ့ပြီ။ လူအုပ်ထဲကို တည့်တည့်ကျတာ။ အဲ့ဒီမှာလည်းအထိအခိုက်တွေရှိတယ်။ ဆွဲထုတ်သွားတာတွေလည်း ကျွန်တော်တို့ ရထားတယ်"လို့ KSO အဖွဲ့တာဝန်ခံဗိုလ်လင်းရောင်က ပြောပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခင်ဦးမြို့နယ် #စစ်ကြောင်းထိုး #တော်လှန်ရေးတပ်ဖွဲ့  #စစ်ကောင်စီ #ဒဏ်ရာရ #KSO #သတင်း #မြေလတ်သတင်း #ပျူစောထီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10