ခင်ဦးမြို့လယ်မှာ ဘန်ကာဆောက်ပြီးတပ်စွဲထားတဲ့ စစ်အုပ်စုကို မောင်းသူမဲ့လေယာဉ်ငယ်နဲ့ ဗုံးချတိုက်ခိုက်

ခင်ဦးမြို့လယ်မှာ ဘန်ကာဆောက်ပြီးတပ်စွဲထားတဲ့ စစ်အုပ်စုကို မောင်းသူမဲ့လေယာဉ်ငယ်နဲ့ ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့လယ်လမ်းဆုံ ဗိုလ်ချုပ်ကြေးရုပ်အနီး မင်းသိုက်သုံးထပ်တိုက်ရှေ့မှာ ဘန်ကာဆောက်ပြီး တပ်စွဲထားတဲ့စစ်အုပ်စုကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ Northern Tigers Group (NTG) အဖွဲ့ဆီက သိရပါတယ်။

အင်အား ၃၀ လောက်နဲ့ တပ်စွဲထားတဲ့ အဲ့ဒီနေရာကို စက်တင်ဘာ ၂၃ ရက် မနေ့မနက် ၇ နာရီလောက်မှာ ကာကွယ်ရေးဒရုန်းအဖွဲ့တွေက ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ အရင်တုန်းကတော့ ၇၀၁ နဲ့ ၇၀၂ထိုင်တာ။ တပ်ချိန်းသွားတာ ၂ ပတ်လောက်ရှိသွားပြီ။ ဗုံးသီးက ရှေ့ဘန်ကာထဲကို ကျတယ်။ ၃ယောက်သေဆုံးတာကို မြေပြင်ကင်းထောက်က အတည်ပြုပေးတယ်။ ဒဏ်ရာရကိုတော့ စုံစမ်းနေတုန်းပါ” လို့ Northern Tigers Group (NTG) တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ဒဏ်ရာရတဲ့သူတွေကို မနက် ၇ နာရီခွဲလောက်မှာ ကားနဲ့တင်သွားပြီး ခင်ဦးမြို့ဆေးရုံကို ပို့ဆောင်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Northern Tigers Group (NTG)၊ TTA people defense force (Shwe Bo)၊ Black Eagle local PDF (Khin U)၊ PDAF၊ Shar Htoo Waw နည်းပညာ Team 3 နဲ့ ခင်ဦးမြို့နယ် တိုက်နယ် ၁ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်ကလည်း ကနီမြို့နယ်၊ ရေလယ်ကျွန်းပျူရွာကို Northern Tigers Group (NTG) အဖွဲ့က မောင်းသူမဲ့လေယာဉ်ငယ်နဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ 

#ခင်ဦး #စစ်ကောင်စီတပ် #Dropbomb #RCPlane #ဗုံးကြဲတိုက်ခိုက် #PDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10