ခင်ဦးမှာ စစ်တပ်ကစစ်ကြောင်းထိုးပြီး ရွာခံအမျိုးသားတဦးကို ပစ်သတ်၊ လူသောင်းနဲ့ချီထွက်ပြေးနေရ

ခင်ဦးမှာ စစ်တပ်ကစစ်ကြောင်းထိုးပြီး ရွာခံအမျိုးသားတဦးကို ပစ်သတ်၊ လူသောင်းနဲ့ချီထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်တပ်ကစစ်ကြောင်းထိုးနေလို့ ဒေသခံတသောင်းနီးပါးထွက်ပြေးနေရပြီး အောက်တိုဘာ ၁၅ ရက် မနေ့က အမျိုးသားတဦးသတ်ဖြတ်ခံထားရတယ်လို့ Khin Oo Support Organization(KSO) အဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၁၄ ရက်ကစတင်ကာ ရွှေဘိုမြို့နယ်ဘက်ကထွက်လာတဲ့ စစ်အင်အား ၁၀၀ ကျော်ဟာ ခင်ဦးမြို့နယ်ထဲကကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး မနေ့က ညောင်ပင်ကြီးစုရွာကို ဝင်ရောက်ချိန် အသက် ၄၅ နှစ်အရွယ် ကိုမင်းမင်း ကို ကျေးရွာစာသင်ကျောင်းအနီးမှာ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

" သာမန်စစ်ရှောင် ပြည်သူပါ။ စစ်ကြောင်းမရှိတော့ဘူးဆိုပြီး ပြန်ဝင်တာထင်ပါတယ်။  မနက်က ရွာသားတွေ ရွာထဲပြန်ဝင်တဲ့အချိန်မှာ အလောင်းကိုပြန်တွေ့ရတာပါ " လို့ KSO အဖွဲ့တာဝန်ခံ ဗိုလ်လင်းရောင် က ပြောပါတယ်။

ဒီစစ်ကြောင်းကြောင့် မူးသာ၊ သက်ပေး၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ ချမ်းသာကုန်း၊ အင်းပတ်၊ ရွာသစ်ရွာတွေ အပါအဝင်အနီးနားကကျေးရွာ ၁၀ ရွာလောက်က ဒေသခံ သောင်းနဲ့ချီ ရှောင်တိမ်းနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ညောင်ပင်ကြီးစုရွာကို ပြန်ဝင်တဲ့လမ်းဖြစ်တဲ့ ညောင်ပင်သာ-ရေဦးကားလမ်းဘေး၊ မူးတိမ် ချောင်းအနီးမှ စစ်တပ်က မိုင်းထောင်သွားလို့ ရွာသားတွေပြန်ဝင်တဲ့အချိန် ဗုံးပေါက်ကွဲပြီး ဒေသခံတဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့လည်း သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ခင်ဦး #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #သတ်ဖြတ်မှု #အရပ်သား #ပစ်သတ် #သေဆုံးမှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10