ခင်ဦးမှာ စစ်ကောင်စီစစ်ကြောင်း စနိုက်ပါနဲ့ ပစ်ခံရလို့ ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

ခင်ဦးမှာ စစ်ကောင်စီစစ်ကြောင်း စနိုက်ပါနဲ့ ပစ်ခံရလို့ ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နဲ့ ကံသာယာအကြားမှာ စနိုက်ပါနဲ့ စောင့်ကြိုပစ်ခတ်ခံရပြီး စစ်ကောင်စီစစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ Myanmar's Royal Dragon Army-MRDA အဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မုံရွာမြို့ကနေ ဩဂုတ်လ ၃၀ ရက်က အင်အား ၁၇၀ ကျော်နဲ့ ခြေလျင်ထွက်လာခဲ့တာဖြစ်ပြီး ကံသာယာနဲ့ခင်ဦးမြို့နယ်အကြား ညနေ ၅ နာရီလောက်မှာ စနိုက်ပါနဲ့စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Myanmar's Royal Dragon Army-MRDA ဗိုလ်စေတန်က ပြောပါတယ်။

"သူတို့စစ်ကြောင်းထိုးလာတာကို ကျနော်တို့ကြိုသိရတယ်။ ရှေ့ကနေအဆင်သင့်စောင့်နေတာ။ သူတို့ ကျနော်တို့ရဲ့ပစ်ကွင်းထဲကိုရောက်တာနဲ့ စနိုက်ပါနဲ့ ပစ်လိုက်တာ ၄ ကောင်တခါတည်းမှောက်ပြီး သေတယ်။ တိုက်ပွဲအချိန်က မိနစ် ၄၀ လောက်ကြာတယ်။" လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းက ခင်ဦးမြို့ထဲဝင်သွားကာ ဒဏ်ရာရ စစ်သား ၉ ဦးကို ဆေးရုံမှာဆေးကုနေတယ်လို့ ပြောပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို Myanmar's Royal Dragon Army-MRDA၊ RTGF နဲ့ ဒေါင်းစစ်သည် UG တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သာယာရွာကနေ ထွက်လာတဲ့ စစ်ကြောင်းကို အောင်သာယာရွာနဲ့ ကျောက်တိုင်ရွာအကြားမှာ Myanmar's Royal Dragon Army-MRDA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ#သတင်း #စစ်ကိုင်းတိုင်း #မုံရွာ #ခင်ဦး #စစ်ကောင်စီ #စနိုက်ပါ #MRDA #RTGF #ဒေါင်းစစ်သည်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10