ခင်ဦးမှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရလို့ ၅ ဦးသေဆုံး

ခင်ဦးမှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရလို့ ၅ ဦးသေဆုံး

 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာအနီးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ ဇန်နဝါရီလ ၂၃ ရက်ဒီမနက် ၇ နာရီဝန်းကျင်မှာ မိုင်းဆွဲခံရတာကြောင့် ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။

အင်အား ၃၀ ခန့်ရှိတဲ့ အဲ့ဒီစစ်ကောင်စီတပ်သားတွေထဲက ၁၅ ဦးမှာ အင်းပတ်ကွေ့စျေးတန်းကိုလာချိန် Khin U Specialforce Organization – KSO က မိုင်း ၁ လုံးခွဲ တိုက်ခိုက်ခဲ့တာလို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။

"အတွင်းသတင်းပေးတွေရဲ့ ပြောပြချက်အရ မိုင်းဆွဲခံရလို့ ၈ ယောက် ထိမှန်သွားတယ်။ အဲဒီကောင်တွေကို ရေဦးဆေးရုံကို ပို့တယ်။ ဆေးရုံရောက်တော့ ၅ ယောက် သေတယ်။ ၃ ကောင်ကတော့ မသေသေးပဲ အရေးပေါ်ဖြစ်နေတယ်" လို့ဆိုပါတယ်။

အင်းပတ်ကျေးရွာမှာ ရေဦးမြို့နဲ့ ၂ မိုင်ခန့်ပဲကွာဝေးတာကြောင့် စစ်ကောင်စီတပ်သားတွေက ဒဏ်ရာရတဲ့တပ်သားတွေကို ရေဦးမြို့ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မိုင်းဆွဲခံရတဲ့အချိန်မှာပဲ စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အင်းပတ်ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၉ ရက်မနက်ပိုင်းမှာလည်း အင်းပတ်ကွေ့နဲ့ ရွာသစ်ကုန်းရွာက အင်အား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သား ၃၀ ကျော်ကို သက်သာပန်းတောင်းကျေးရွာအနီးမှာ ကင်းပုန်းဝတ်နေချိန် နယ်ခံကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ 

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10