ခင်ဦးမှာ စစ်ကောင်စီတပ် ၁ ရက်တည်း ၃ ကြိမ် တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၁၀ ရက် ၁ရက်တည်းမှာ ၃ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ Royal Tiger Guerrilla Force (KU)က ပြောပါတယ်။

အင်အား ၁၀၀ကျော်ပါတဲ့ အဲဒီစစ်ကြောင်းကို မြစ်တော်ကျေးရွာအနီးမှာ ၁ကြိမ်၊ ခင်ဦးမြို့အနီးမှာ ၁ ကြိမ်၊ ခင်ဦးမြို့အဝင်မှာ ၁ ကြိမ် စုစုပေါင်း ၃ ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ချိန်ကတော့ မနက် ၁၀ နာရီကနေ ည ၄ နာရီအထိ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

ပထမ ၁ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုမှာ မျက်မြင်စစ်သား ၃ ဦးသေဆုံးပြီး ဒုတိအကြိမ်ထိတွေ့တိုက်ခိုက်မှုမှာတော့ စစ်သား ၂ ဦးသေဆုံးခဲ့ပေမယ့် တတိယအကြိမ်တိုက်ခိုက်မှု ရလဒ်ကိုတော့ မသိရှိရခဲ့ဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ခင်ဦးမြို့ပေါ်ကိုဝင်ရောက်ကာ ဒဏ်ရာရစစ်သားတွေကို ဆေးရုံပို့ခဲ့ပြီးနောက် အောက်တိုဘာ ၁၁ ရက် မနက်မှာတော့ ခင်ဦးမြို့ပေါ်ကနေ မကျီးတုံကျေးရွာ အထိုင်ချတပ်စခန်းက်ို ဝင်ရောက်သွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Royal Tiger Guerrilla Force၊ BNRA၊ ဒေါင်းစစ်သည်၊ ရောင်နီပြောက်ကျားအဖွဲ့၊ ခင်ဦးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်ခံရတဲ့စစ်ကြောင်းမှာ အောက်တိုဘာ ၉ ရက်က ရေဦးမြို့ကနေ ခင်ဦးမြို့နယ်ထဲကို စစ်ကြောင်းထိုးဖို့ ထွက်လာခဲ့တာဖြစ်ပြီး အဲ့ဒီနေ့မှာပဲ ခင်ဦးမြို့နယ်၊ ရွှေဂူတဲစုကျေးရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဇို၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ခင်ဦး #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရ #စစ်သား #ထိခိုက် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10