ခင်ဦးမှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးနောက် နယ်ထိန်းနဲ့ ရဲတဦးကို UG တွေ ရှင်းလင်းနိုင်ခဲ့

ခင်ဦးမှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးနောက် နယ်ထိန်းနဲ့ ရဲတဦးကို UG တွေ ရှင်းလင်းနိုင်ခဲ့

စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာပြီးနောက် ဖေဖော်ဝါရီလ ၃ ရက် ဒီမနက် ၉ နာရီမှာ နယ်ထိန်းခေါင်းဆောင်တဦးနဲ့ ရဲတပ်သားတဦးတို့ကို ဒေသကာကွယ်ရေးတပ်တွေက ရှင်းလင်းနိုင်ခဲ့ပြီး သူတို့ကိုင်ဆောင်ထားတဲ့ G3 လက်နက် ၂ လက်ကိုပါ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရသူမှာ ခင်ဦးမြို့ပေါ် ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ထက်ဝေဇော်နဲ့ အမည်မသိရသေးတဲ့ ရဲတပ်သားတဦးတို့ ဖြစ်ပြီး၊ သူတို့က ခင်ဦးမြို့၊ မြကန်သာရပ်ကွက်မှ အရက်ဆိုင်တဆိုင်မှာ အရက်ထိုင်သောက်နေချိန် မြို့ပေါ်ကာကွယ်ရေးတပ်ဖွဲ့တွေ့က ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ မြို့ပြ UG အဖွဲ့ဝင်တဦးက ပြောပါတယ်။

"သူတို့က မြို့ပြ UG တွေကို တော်တော်လည်း ဒုက္ခပေးတာ ရှိတယ်။ ဒီမနက်မှာ သူတို့နှစ်ယောက်အပါအဝင် ရဲ ၆ ကောင်က အရက်ဆိုင်တွေကို ဆပ်ကြေးကောက်ဖို့ ထွက်လာတယ်။ သူတို့နဲ့အတူပါလာတဲ့ အကောင်တွေက ရပ်ကွက်ကို လှည့်ပတ်နေကြတဲ့အခါ ရဲဇော်ထက်နဲ့ ရဲတပ်သားတကောင်က အရက်ဆိုင်မှာ အရက်ဝင်သောက်နေတာ။ သူတို့နှစ်ယောက်တည်းရှိနေချိန် ကျနော်တို့ရဲဘော်တွေက ပစ်ခတ်ခဲ့တာ" လို့ ဆိုပါတယ်။

ဒါ့အပြင် နယ်ထိန်းခေါင်းဆောင်နဲ့ ရဲတပ်သားတို့ရဲ့ အလောင်းကိုတော့ နေ့လည် ၁၂ နာရီလောက်မှပဲ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက လာရောက်သယ်ဆောင်သွားခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ ရှင်းလင်းမှုကို မြို့ပြ UG ထဲက ဖီးနစ်တပ်ဖွဲ့နဲ့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီး ၂ နှစ်ပြည့်ပြီးနောက် စစ်ကောင်စီက သူတို့ထိန်းချုပ်မနိုင်တဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲက မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေး မြို့နယ်တွေအဖြစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကြေညာလိုက်ပြီး အဲဒီထဲမှာ ခင်ဦးမြို့နယ်လည်း ပါဝင်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10