သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ အမျိုးသား ၂၀ ကျော် စစ်မှုထမ်းဖို့ဖမ်းဆီးခံထားရတယ်လို့ မြို့ပေါ်ဌာနဆိုင်ရာတွေနဲ့ နီးစပ်တဲ့ဒေသခံတဦးက ပြောပါတယ်။
ဒီဇင်ဘာ ၂ ရက်စတင်ကာ ဒီဇင်ဘာ ၈ ရက် ဒီမနက်ပိုင်းအထိ ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးကာ ရဲတပ်ဖွဲ့ဝင်တွေက မြို့ဝင်မြို့ထွက်နေရာတွေ၊ မြို့နဲ့ ၂ မိုင်၊ ၃ မိုင်ခန့်အကွာက နေရာတွေမှာ နေ့စဉ်ပိတ်ဆို့စစ်ဆေးပြီး ဖမ်းဆီးနေတာလို့ ဆိုပါတယ်။
"သူတို့နိုင်မယ်ထင်တဲ့သူ ဖမ်းတာ။ နောက်ခံ ဘက်ဂရောင်းမရှိဘူး၊ လုပ်ငန်းလုပ်လာသူလို့ ထင်တဲ့ သူတွေကိုဖမ်းတာ။ နေ့တိုင်းကို ချတာ။ ဖမ်းတာက ကျန်တဲ့အကြောင်းမဟုတ်ဘူးနော်။ ခရိုင် DC ကိုယ်တိုင်ဖမ်းတာဆိုတော့ ဘယ်သူမှ အထွန့်မတက်ရဲဘူး။ စစ်မှုထမ်းဖို့ဖမ်းတာ။"လို့ ဌာနဆိုင်ရာတွေနဲ့ နီးစပ်တဲ့ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေက အသက် ၂၀ ကနေ ၄၀ နှစ်ကြားဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နေသူတွေ၊ ကျေးရွာဘက်ကလာသူတွေ၊ မှော်ထဲကျောက်တူးသွားသူတွေ၊ နာဂတိုင်းရင်းသားတွေပါဝင်ပြီး မြို့ပေါ်ရပ်ကွက်နေသူတွေထဲကတော့ အဖမ်းခံရသူနည်းတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသားတွေကို စစ်ဆေးစရာရှိတယ်ဆိုပြီး ရဲစခန်းကိုခေါ်ဆောင် စစ်ဆေးပြီးနောက် ဆေးအောင်သူတွေကို ခလရ ၃၄၇ နဲ့ ခန္တီးဗျူဟာတို့ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
"ဒါကြီး တမြို့လုံးအတိုင်းတာနဲ့ အကုန်သိတယ်။ ခုက ခိုးကြောင်ခိုးဝှက်နဲ့ ညဘက်ဖမ်းတာမဟုတ်ဘူး။ နေ့ခင်းပိုင်းမှာကို ပေါ်တင်ဖမ်းနေတာ။ "လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ငွေကြေးတတ်နိုင်သူ၊ ဌာနဆိုင်ရာတွေနဲ့ အသိရှိသူတွေကိုတော့ ပြန်လွှတ်ပေးတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။
လာမယ့် စစ်မှုထမ်းအပတ်စဥ် ၈ အတွက် ခန္တီးမြို့နယ်အတွင်းကနေ စစ်မှုထမ်း ၅၀ ပေးရမှာဖြစ်လို့ အရေအတွက်ပြည့်အောင် ဖမ်းဆီးသွားဖို့ရှိနေတာလို့ ဆိုပါတယ်။
ခန္တီးမြို့ပေါ်မှာ ယခင်ကစစ်မှုထမ်းခေါ်ဆောင်တာ တိတ်တဆိတ်လုပ်ဆောင်နေတာမျိုးရှိခဲ့ကာ ယခု အသစ်ပြောင်းလာတာ ၂ လခန့်သာရှိသေးတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးလက်ထက်မှာ စစ်မှုထမ်းအတွက် ပေါ်တင်ဖမ်းဆီးလာတာဖြစ်ပြီး ခုလိုဖမ်းဆီးနေတာကြောင့် မြို့ပေါ်မှာလည်း လူသွားလူလာ မရှိသလောက် နည်းပါးနေတယ်လို့ သိရပါတယ်။
ပုံစာ - ခန္တီးမြို့အတွင်းတွေ့ရသည့် စကစလက်အောက် ရဲနှင့် ထွေအုပ်ဝန်ထမ်းအချို့။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ခန္တီး #စစ်မှုထမ်း #လူငယ်ဖမ်းဆီး
Share Share Share