ခမ်းပတ်မြို့ကို PDF တွေ သိမ်းပိုက်ရရှိ၊ စစ်ကိုင်းအတွင်း ဒုတိယမြောက်သိမ်းပိုက်နိုင်တဲ့မြို့ဖြစ်လာ

ခမ်းပတ်မြို့ကို PDF တွေ သိမ်းပိုက်ရရှိ၊ စစ်ကိုင်းအတွင်း ဒုတိယမြောက်သိမ်းပိုက်နိုင်တဲ့မြို့ဖြစ်လာ

စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့ကို PDF ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၇ ရက် မွန်းတည့် ၁၂နာရီမှာ အပြီးအသတ် သိမ်းပိုက်ရရှိခဲ့တာဖြစ်လို့ စစ်ကိုင်းတိုင်းအတွင်း ဒုတိယမြောက်သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့ဖြစ်တယ်လို့ တမူးခရိုင် တပ်ရင်း ၄ ထံက သိရပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းက ခရိုင်မြို့ဖြစ်တဲ့ ကောလင်းမြို့ကိုလည်း PDF ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၆ ရက် မနက် ၁၀ နာရီကျော်မှာ အပြီးအသတ် သိမ်းပိုက်ရရှိခဲ့ပါသေးတယ်။

ခမ်းပတ်မြို့ကို နိုဝင်ဘာ ၃ ရက်ကစတင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၅ ရက်မြောက်နေ့ နိုဝင်ဘာ ၇ ရက် ဒီကနေ့မှာ မြို့မရဲစခန်းထဲကနေ ခုခံတိုက်ခိုက်နေကြတဲ့ စစ်ကောင်စီနဲ့ ရဲတပ်သားတွေ အကုန်လုံးထွက်ပြေးသွားခဲ့တာကြောင့် တမြို့လုံးကို သိမ်းပိုက်ရရှိခဲ့တာလို့ဆိုပါတယ်။

"အခုက ရဲဘော်တွေ နယ်မြေရှင်းလင်းရေး လုပ်နေကြပြီ။ နယ်မြေရှင်းလင်းနေတုန်းမို့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူး။ မြို့ကိုသိမ်းလိုက်ပြီဆိုတာတော့ အတည်ပြုပါတယ်" လို့ တမူးခရိုင် တပ်ရင်း ၄ မှတာဝန်ရှိသူတဦးက ပြောပါတယ်။

နိုဝင်ဘာ ၃ ရက်ကစတင်ကာ ခမ်းပတ်မြို့ကို PDF တွေက ဝင်ရောက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူ ၂ ရက်ဆက်တိုက်ပေးခဲ့ပေမယ့် ၆ ရက်နဲ့ ၇ ရက်ဒီနေ့အထိတော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ခတ်တာမျိုးမရှိခဲ့ဘူးလို့ သူကဆိုပါတယ်။

နိုဝင်ဘာ ပထမအပတ်အတွင်း စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့နဲ့ ခမ်းပတ်မြို့  ၂ မြို့ကို PDF ပူးပေါင်းတပ်ဖွဲ့ တွေက သိမ်းပိုက်ရရှိပြီး အပြည့်အဝထိန်းချုပ်ထားနိုင်ပြီလည်းဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရကလည်း  နိုဝင်ဘာ ၇ မှာ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင်ကွပ်ကဲမှုအစီအစဥ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ တော်လှန်ရေးအဖွဲ့တွေက ဒီနေ့ နံနက်ပိုင်းမှာ အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခမ်းပတ်မြို့ #သိမ်းပိုက်ရရှိ #PDF #တမူးခရိုင်တပ်ရင်း #စခန်းသိမ်း #စစ်ကောင်စီ #ထွက်ပြေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10