ခမ်းပတ်မှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံတဦး သေဆုံး

ခမ်းပတ်မှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံတဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ရဲစခန်းနဲ့ စစ်တပ်စခန်းကို ဇူလိုင် ၂၂ ရက်မနေ့ ညပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်နေသလို ဒေသခံတဦးလည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ခမ်းပတ်မြို့၊ အမှတ် ၁ ရပ်ကွက်ရှိ ခမ်းပတ်ရဲစခန်းနဲ့ စစ်တပ်အထိုင်ချတပ်စွဲထားတဲ့နေရာကို မနေ့ည ၉ နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇူလိုင် ၂၃ ရက် ဒီနေ့ညနေပိုင်းအထိ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေတာလို့ ဆိုပါတယ်။ 

“အခုထိလည်းတိုက်ပွဲကမပြီးသေးဘူး၊ အခုလည်း တိုက်ပွဲကဖြစ်နေတာပါ၊ ထိခိုက်သေဆုံးတာကတော့ ဒေသခံဘက်က တယောက်တော့ကြားတယ်၊ သေဆုံးတာက အမျိုးသားလို့တော့ ကြားထားတယ်၊ ခမ်းပတ်ဒေသခံတဦးပါ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

သေဆုံးသူဒေသခံနဲ့ ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။ 

ခမ်းပတ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော် ၂ ဦးကို အဲ့ဒီစစ်ကောင်စီအဖွဲ့တွေက ဖမ်းဆီးသွားတဲ့အတွက် ကယ်ထုတ်ဖို့သွားချိန် ကာကွယ်ရေးရဲဘော်တွေဘက်က စတင်တိုက်ခဲ့ရာကနေ ခုလို တိုက်ပွဲစတင်ခဲ့တာဖြစ်ပါတယ်။

စာတည်း - လင်း။

#မြေလတ်အသံ

#စစ်ကိုင်း #တမူး #ခမ်းပတ် #တိုက်ပွဲပြင်းထန် #စစ်ကောင်စီ #လက်နက်ကြီး #ဒေသခံ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10