ခမ်းပါတ်တိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ကလေးမြောက်ပိုင်းကရဲဘော်တဦး ဆေးကုသဖို့ အခက်ခဲဖြစ်နေ

ခမ်းပါတ်တိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ကလေးမြောက်ပိုင်းကရဲဘော်တဦး ဆေးကုသဖို့ အခက်ခဲဖြစ်နေ

စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့တိုက်ပွဲကို အင်အားဖြည့်ပါဝင်ပေးခဲ့တဲ့ ကလေးမြောက်ပိုင်းက ရဲဘော်တဦး ၄၀ မမ ထိမှန်ကာဒဏ်ရာရခဲ့ပြီး ဆေးကုသဖို့ အခက်ခဲကြုံနေရတယ်လို့ တပ်ဖွဲ့ကတဆင့် သိရပါတယ်။

ခမ်းပါတ်မှာ ဇူလိုင်လ ၂၂ ရက်ညပိုင်းကစတင်ကာ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး ၂၅ ရက် မနက်ပိုင်းက ရဲဘော်တွေရှိမယ်ထင်တဲ့ နေရာတချို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။

“ကျနော်တို့ထဲက ရဲဘော်တယောက် ၄၀ မမ ထိတယ်၊ အဓိက ဆေးစရိတ်နဲ့ ဆေးဝါးကုန်ကျမှုအတွက် အခက်ခဲရှိနေတယ်၊ လက်ရှိတော့ စခန်းမှာရှိတဲ့ ဆေး‌နဲ့ပဲ ပြင်ပအနာလေးကို ကုနေတယ်၊ ခုထိ ကုသမှု သေသေချာချာလုပ်မပေးနိုင်တော့ အထဲမှာထိထားတဲ့ဟာက မသက်သာသေးဘူး။"လို့ Harmonious Northern Brotherhood-Kalay အဖွဲ့မှ ရဲဘော်တဦးက ပြောပါတယ်။

အဆိုပါရဲဘော်ဟာ တိုက်ပွဲစတင်ဖြစ်တဲ့ ဇူလိုင်လ ၂၂ ရက်ကတည်းက ဒဏ်ရာရရှိထားတာဖြစ်ပြီး ဆေးဝါးရရှိမှုအခက်ခဲနဲ့ လမ်းခရီးအခက်ခဲကြောင့် တကယ်လိုအပ်နေတဲ့ ဆေးကုသမှုကို မပေးနိုင်သေးဘူးလို့ သိရပါတယ်။

ဒဏ်ရာရရဲဘော်ရဲ့ ကိုယ်ရေးအချက်လက်တွေကတော့ လုံခြုံရေးအရ ထုတ်ဖော်လို့မရသေးဘူးလို့ ဆိုပါတယ်။

ခမ်းပါတ်မှာ လေကြောင်းနဲ့ ထပ်တိုးချထားတဲ့ စစ်ကူအင်အားအပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ နီးပါးရှိနေပြီး အရပ်ဘက်အသွင်ပြောင်းထားတဲ့ စစ်တပ်သတင်းပေးနဲ့ ဒလန်တွေလည်း ပေါများတဲ့အတွက် တိုက်ပွဲက ချင့်ချိန်နေရတယ်လို့ ဆိုပါတယ်။

အခုလက်ရှိ ခမ်းပါတ်နေရာတချို့မှာ ဖုန်းလိုင်းဖြတ်ထားတဲ့အတွက် တိုက်ပွဲအခြေနေ အသေးစိတ်ကတော့ သိရှိဖို့ခက်ခဲနေပြီး ဇူလိုင်လ ၂၃ ရက်က တိန်းကယားကျေးရွာကို လာချပေးတဲ့ တပ်ကူစစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေဘက်က ဝိုင်းပစ်ခတ်ရာ ၁၃ ဦးဝန်းကျင် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ကလေး #ပကဖ #PDF #ကျန်းမာရေး #ကုသရေး #အကူညီလိုအပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10