ခရီးသည်တင်ကားခေတ္တရပ်နားချိန် အပေါ့ဆင်းသွားတဲ့အမျိုးသမီး ကားတိုက်ခံရပြီးသေဆုံး

ခရီးသည်တင်ကားခေတ္တရပ်နားချိန် အပေါ့ဆင်းသွားတဲ့အမျိုးသမီး ကားတိုက်ခံရပြီးသေဆုံး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ဆေးကုဖို့လာတဲ့အမျိုးသမီးတဦး ကားရပ်ချိန် အပေါ့ဆင်းသွားရာမှ ကားတိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၁၉ ရက်မနက် ၃ နာရီခွဲလောက်မှာ အမြန်လမ်းရှိ ကားလမ်းမိုင်တိုင်အမှတ် (၁၂၉ /၃)မှာ မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းလာတဲ့ ခရီးသည်တင်ယာဥ်ဟာ ခရီးသည်တွေအပေါ့အပါးသွားဖို့ ကားရပ်ပေးချိန်မှာ အထက်ပါအမျိုးသမီး ကားတိုက်ခံခဲ့ရတာပါ။ 

"သူက လူများလို့နေမယ်။ ကားအနီးမှာအပေါ့မသွားဘဲ လမ်းတဖက်ကြောကိုကူးပြီး သွားတယ်။ အပေါ့သွားပြီး ပြန်လာချိန် လမ်းအကူးမှာ ရန်ကုန်ဘက်ကနေ မန္တလေးဘက်သွားတဲ့ကားက ဝင်တိုက်တာ။ ကားတွေကအရှိန်မြန်၊ မှောင်ကလည်းမှောင်နေတော့ တိုက်မှန်းတောင်မသိကြဘူးထင်တယ်။ ပြီးတော့ တစီးပြီး တစီးတက်ကြိတ်သွားတာ ခန္ဓာကိုယ်ကကြေမွနေတာပဲ"လို့ ဒေသခံတဦးကပြောပါတယ်။

လူကိုတိုက်ပြီး မောင်းပြေးသွားတဲ့ကားကတော့ ဘယ်ကားမှန်းမသိရသေးဘဲ ဖမ်းဆီးရမိတာလည်း မရှိသေးဘူးလို့ဆိုပါတယ်။

သေဆုံးသူဟာ စစ်ကိုင်းတိုင်း၊ တန့်ဆည့်မြိုနယ်၊ သဲစားကျေးရွာမှာနေထိုင်တဲ့ အသက် ၆၀ အရွယ် ဒေါ်သောင်းဆိုသူဖြစ်ပြီး ရန်ကုန်ကိုဆေးကုသဖို့အလာမှာ အခုလိုသေဆုံးခဲ့ရတာဖြစ်ပြီး အလောင်းကိုတော့ ဒေသခံတွေက အုတ်တွင်းဆေးရုံကိုပို့ဆောင်ပေးခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

မေ ၁၅ ရက်ကလည်း အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တော် (၈၈) သစ်စက်ထိပ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ လမ်းလျှောက်လာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး တွဲကားနဲ့တိုက်ခံရပြီး  ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #ကားတိုက် #သေဆုံး #အမျိုးသမီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10