ခရီးသွားကားတွေကိုတားပြီး ပေါ်တာဆွဲလေ့ရှိတဲ့ စစ်တပ်ဂိတ် တိုက်ခိုက်ခံရ (ရုပ်/သံ)

ခရီးသွားလူငယ်တွေကို ဖမ်းပြီး စစ်သင်တန်းကျောင်းပို့နေတဲ့ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တ‌လေးအမြန်လမ်း မိုင်တိုင် ၃၁၉ က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၁၂ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အပြင် Fixed Wings Drone နဲ့ပါ ဗုံးကြဲချခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄  တပ်ရင်းဆီက သိရပါတယ်။ 

စစ်သားနဲ့ရဲ အင်အား ၃၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီစစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ၁ နာရီကြာပစ်ခတ်ခဲ့ပြီး Fixed Wings Drone နဲ့ ဗုံး ၅ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။ 

အဲ့ဒီ့စစ်ဆေးရေးဂိတ်မှာ မိတ္ထိလာဘက်က စစ်သားနဲ့ ရဲတွေဖြစ်ကာ ခရီးသွားကားတွေပေါ်က ကားစပယ်ယာတွေအပါအဝင် လူငယ်တွေကို ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းတွေကို ပို့နေတာလို့ Natogyi PDF တပ်ရင်းဗိုလ်ကြီးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာလကနေ အခုလ ဒီဇင်ဘာအထိ ဖမ်းဆီးခံရတဲ့ လူငယ်ပေါင်း အယောက် ၃၀ ဝန်းကျင်ရှိပြီလို့ သိရပါတယ်။

တိုက်ခတ်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု  ၁ နာရီကြာဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်စာရင်း မသိရသေးဘဲ ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၄ ဦး ကျည်ရှပ်ထိကာ မစိုးရိမ်ရဒဏ်ရာ အနည်းငယ်ရခဲ့ပေမယ့် ပြန်လည်သက်သာလာနေပြီလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄  တပ်ရင်း၊ မြင်းခြံ ခရိုင် အမှတ် ၁၀ တပ်ရင်းနဲ့ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#နွားထိုးကြီး #အမြန်လမ်း  #မိုင်တိုင်၃၁၉ #စစ်တပ်ဂိတ် #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10