ခရီးသွားကားတွေကို စစ်ဆေးနေချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးချလို့ PDF ၁ ဦးနဲ့ ခရီးသွားပြည်သူ ၄ ဦး သေဆုံး

ခရီးသွားကားတွေကို စစ်ဆေးနေချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးချလို့ PDF ၁ ဦးနဲ့ ခရီးသွားပြည်သူ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကျင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးချလို့ PDF ၁ ဦးနဲ့ သံဃာ ၁ ပါးအပါ ခရီးသည် ၄ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပကဖနဲ့ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၁၈ ရက် ယမန်နေ့မနက် ၇ နာရီကျော်မှာ အထက်ပါကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားသွားကားလမ်းပေါ်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ခရီးသွားကားတွေကို  စစ်ဆေးရေးလုပ်နေချိန် ဇီးကုန်း၊ သကြားစက်ဘက်ကနေ စစ်ကောင်စီအဖွဲ့က ဒရုန်းနဲ့ ၂ ကြိမ် ဗုံးသီး ၅ လုံးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

" ** က ဒရုန်းနဲ့ဗုံးချတာ။ အဖွဲ့စုံစစ်းဆေးရေးလုပ်နေချိန် ပြည်သူကားတွေပေါ်ချတာ။ ကားဘေးနားတွေကျတော့ ကား ၂ စီးတော့ပျက်စီးသွားတယ်။ ရဲဘော်တွေလည်းကျ ပြည်သူအပါအဝင် သံဃာလည်းသေတယ်"လို့ ကန့်ဘလူမြို့နယ် ပကဖပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ဒရုန်းဗုံး ကျရောက်ပေါက်ကွဲတာကြောင့် စစ်ဆေးရေးလုပ်နေတဲ့ ဒေသအခြေစိုက် PDF တပ်ရင်းတခုက အသက် ၂၀ ကျော်အရွယ်တပ်ဖွဲ့ဝင်ရဲဘော် ၁ ဦး၊ သက်တော် ၄၀ ကျော်သံဃာ ၁ ပါး၊ အသက် ၃၀ ဝန်းကျင် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပြီး၊ ခရီးသွားပြည်သူ အမျိုး သမီး ၅ ဦး၊ အမျိုးသား ၂ ဦး၊ ကလေးငယ် ၁ ဦးနဲ့ ရဲဘော် ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒရုန်းဗုံးကျပြီးချိန်မှာ ထိခိုက်သေဆုံးသူတွေများတာကြောင့် အရေးပေါ်ဆေးရုံပို့ရတာတွေ နီးစပ်ရာဆေးခန်းတွေကို ပို့ရတာတွေကြောင့် သေဆုံးထိခိုက်ခရီးသွားတွေရဲ့ နာမည်၊ အသက်၊ လိပ်စာတွေ မသိရှိခဲ့ရဘူးလို့ သူက ဆက်ပြောပါတယ်။

" လမ်းကြောင်းအခြေနေအရ ရဲဘော်တွေစစ်ဆေးရေးလုပ်နေချိန် ပြည်သူကားတွေတန်းနေရတာရှိတယ်။ အဲဒီအချိန်မှာ ဒရုန်း ၁ စီးတက်လာပြီး ဗုံး ၃ လုံးချတာ သံဃာ ၁ ပါး၊ ပြည်သူ ၃ ယောက်၊ ရဲဘော် ၁ ယောက် သေတာ။ နောက်လာချတဲ့ဒရုန်းကတော့ ထိခိုက်တာမရှိဘူး "လို့ ဒေသခံတဦးက ပြောပါ တယ်။

စစ်ကောင်စီဘက်က ချတဲ့ဒရုန်းထိမှန်သေဆုံးခဲ့တဲ့ ခရီးသွားကားတွေဟာ မြစ်ကြီးနားကနေ ရွှေဘိုဘက်ကို ဦးတည်မောင်းနှင်လာတဲ့လာတဲ့ ငွေတိုးမန်း ခရီးသည်တင်ကား ၁ စီးနဲ့ နောက်ထပ်အိမ်စီးကား ၁ စီးတို့ဖြစ်ပြီး အဆိုပါကား ၂ စီးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၈ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ မှန်နီပင်ကျေးရွာထိပ် ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်မှာ ကားတွေပိတ်ဆို့နေချိန် စစ်တပ်ကဒရုန်းနဲ့ဗုံးချလို့ ဒေသခံအမျိုးသမီး ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ်ဒရုန်းဗုံးကြောင့် ထိခိုက်ခဲ့တဲ့ ခရီးသည်တင်ကား(ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #စစ်ကောင်စီ #ဒရုန်း #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10