ခရီးသွားကားတွေဆီက ငွေတောင်းနေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ ၃ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲရွာတောင်ဘက် စွမ်းရည်ထက် ဆီဆိုင်အနီး စစ်သားနဲ့ ပျူစောထီးတွေ ခရီးသွားကားတွေဆီက ငွေတောင်းနေတဲ့အချိန်မှာ ပစ်ခတ်တိုက်ခိုက်ခံရလို့ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ Special Guerrilla Force Monywa အဖွဲ့ထံက သိရပါတယ်။

ငွေတောင်းနေတဲ့ စစ်အုပ်စုဟာ တောပုပျူစောထီးတွေနဲ့ မုံရွာ နမခ က စစ်သားတွေလို့ သိရပြီး အင်အား ၂၀ ကျော်နဲ့ ကားနဲ့ ဆိုင်ကယ် ၁ စီးကို ၅ ထောင်နှုန်း၊ ၃ ထောင်နှုန်း ကောက်နေတာကို သတင်းရတဲ့အတွက် ဧပြီလ ၁၂ ရက် နေ့လယ်ပိုင်း ၂ နာရီဝန်းကျင်ခန့်က သွားရောက် ပစ်ခတ်ခဲ့တာလို့ Special Guerrilla Force Monywa ဗိုလ်မိုးZက ပြောပါတယ်။


"မုံရွာ-မန္တလေး ကားလမ်းမကြီး တောင်ဘက်ထိပ် မြောက်ဘက်ထိပ် ကားတွေကို ခေတ္တခဏ ၅ မိနစ်လောက်တားပြီး ဝင်ရောက်တိုက်ခိုက်တာ၊ မြေနဲရွာရဲ့တောင်ဘက် စွမ်းရည်ထက်ဆီဆိုင်အနားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ အင်အား ၂၅ ယောက်လောက် ရှိတယ်။ လမ်းပေါ်မှာတော့ ၈ ယောက်နဲ့ကောက်နေတာ။ အဲလိုကောက်နေတဲ့အချိန် ပစ်ခတ်ခဲ့တာ" လို့ ဗိုလ်မိုးZက ပြောပါတယ်။

ပစ်ခတ်မှုအတွင်း စစ်သား ၃ ဦးသေဆုံးကာ အနီးဝန်းကျင်က အဆောက်အဦး ၁ လုံးလည်း မီးလောင်သွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်ညပိုင်းမှာလည်း မုံရွာမြို့နယ် တောပုပျူရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုကို Special Guerrilla Force Monywa အဖွဲ့က ၆၀ မမ လက်နက်ကြီးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10