ခလရ ၂၅၁ ရိက္ခာတင်ကား ၁၅ စီးနဲ့ လုံခြုံရေးအဖွဲ့ ဒရုန်းနဲ့ဗုံးကြဲချခံရလို့ ၃ ဦးထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာကနေ ထွက်လာတဲ့ ရိက္ခာတင်လာတဲ့ ကား ၁၅ စီးနဲ့ လုံခြုံရေးလိုက်ပါလာတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ အဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၂ ရက် မနက် ၁၀ နာရီမထိုးခင်ကနေ ညနေအထိ ကိုင်းတောမရွာကနေ သရက်ကန်ရွာကို ခလရ ၂၅၁ ရိက္ခာကား ၁၅ စီးနဲ့ လုံခြုံရေးလိုက်ပါလာတဲ့ အင်အား ၁၀၀ ကျော်ကို သရက်ကန်ရွာအနီးမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

"ဒရုန်း ၉ စီးနဲ့ ချတာ၊ ဗုံးသီး ၃၈ လုံးချခဲ့တယ်၊ ၁ မိုင်ကျော်လောက်အကွာက ချခဲ့တာ၊ အခုသိရတာက စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရသွားတယ်၊ အခုအဲ့ဒီရွာက ပျူစောထီးတွေကလည်း ထွက်ချင်လို့ ဆက်သွယ်တာရှိတယ်" ဗိုလ်လက်ယာက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ၊ Middle Revolution Task Force(MRTF) ၊ Thu Rain(TR)၊DMG(ဓါးမင်းကြီး)၊ နယ်မြေခံမဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ  

#မြိုင် #ခလရ၂၅၁  #ရိက္ခာတင်ကား၁၅ စီး  #တိုက်ခိုက်ခံရ  #ဒရုန်း  #စစ်အုပ်စု  #ထိခိုက်  #PDF  #မြေလတ်သတင်း  #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10