ခလရ ၂၅၁ အရာရှိတဦးအပါ ၂၀ ဝန်းကျင်သေဆုံးခဲ့တဲ့ မြိုင်မြို့နယ်က တိုက်ပွဲ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တွင်းမကျေးရွာကနေထွက်လာတဲ့ ခလရ ၂၅၁ စစ်ကြောင်းကို သာစည်ကျေးရွာအနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ်ပကဖဆီက သိရပါတယ်။

တွင်းမကျေးရွာက ထွက်လာတဲ့ ခလရ ၂၅၁ ရဲ့ စစ်ကား ၃ စီးနဲ့ အင်အား ၁၂၀ ပါစစ်ကြောင်းကို  ဒီဇင်ဘာ ၁၅ ရက် မနက် ၉ နာရီလောက်ကတည်းက မြိုင်မြို့နယ် သာစည်ကျေးရွာအနီးမှာ အနီးကပ်တိုက်ခိုက်ခဲ့တာလို့ မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုက ၁ နာရီနီးပါးကြာခဲ့ပြီး အဲ့ဒီနေရာမှာပဲ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးခဲ့လို့ စစ်ကောင်စီတပ်သားတွေက သာစည်ရွာကို မီးဝင်ရှို့ခဲ့ပြီး အိမ်ခြေ ၅၀ ကျော်မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၅ ရက်မတိုင်ခင် ၂ ရက်အလိုလောက်မှာကတည်းက တွင်းမရွာနဲ့ ၃ မိုင်လောက်သာဝေးတဲ့ သာစည်ရွာအနီးမှာ PDF တွေဘက်က ကင်းပုန်းတွေချထားခဲ့ပြီး သေချာပြင်ဆင်ပြီးမှ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Earthquake People Defence Force တာဝန်ခံက ပြောပါတယ်။

တွင်းမရွာက စထွက်လာစဥ်ကတည်းက သာစည်ရွာနားမရောက်ခင်အထိ အဲ့ဒီဒေသက ကာကွယ်အဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာခံခဲ့ရသေးတယ်လို့ ပြောပါတယ်။ 

ကြားဖြတ်တိုက်ခိုက်ခံလိုက်ရတဲ့ စစ်အုပ်စုဟာ သာစည်ရွာကို မီးဝင်ရှို့ပြီးနောက် သူတို့ထွက်လာခဲ့တဲ့ တွင်းမရွာကို ပြန်ဝင်တဲ့ လမ်းတောက်လျှောက်မှာလည်း PDF တွေရဲ့ တိုက်မိုင်းတွေထိတာ ဒရုန်းနဲ့ ဗုန်းသီးချခံရတာတွေကြောင့် သေဆုံးမှုတွေရှိခဲ့ကြပါတယ်။

တွင်းမရွာကထွက်လာချိန်ကစပြီး ပြန်ဝင်သွားချိန်အထိ  တနေကုန်နီးပါး တိုက်ခိုက်ခံလိုက်ရတာကြောင့် အရာရှိ ၁ ဦးအပါ ၂၀ ဝန်းကျင်သေဆုံးခဲ့ပြီး ရှေ့ဆက်မသွားနိုင်ဘဲ တွင်းမရွာကို ည ၉ နာရီကျော်မှာ ပြန်ဝင်သွားခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ၊  ပခုက္ကူခရိုင်တပ်ရင်း(၂/၆/၇/၁၇)၊ မြိုင်ပကဖအဖွဲ့ဝင်များဖြစ်သော တပ်ရင်း ၁ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ဂဠုန် ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ မြိုင် UAV ဒရုန်းတပ်ဖွဲ့ ၊ ဒေသတွင်းတပ်ဖွဲ့များဖြစ်သော Earthquake Defense Force၊ KMDF (ကမ္မတပ်ပေါင်းစု)၊ အနောက်လွင်ပြင်တပ်ဖွဲ့၊ ဧရာအနောက်တပ်ဖွဲ့(ကမ္မတပ်ပေါင်းစု)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#မြိုင်သတင်း #တိုက်ပွဲသတင်း #ပကဖ #သာစည်ရွာ #သတင်း #တိုက်ပွဲ #PDF #တပ်ပေါင်းစု #မိုင်းဆွဲ #ဒရုန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10