ခလရ ၂၅၆မှာ တပ်တွင်းအစည်းအဝေးလုပ်နေချိန် တိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ ၂၅၆ တပ်ထဲမှာ ပခုက္ကူတပ်မ ၁၀၁ ဗျူဟာမှူးနဲ့တပ်သားတွေ အစည်းအဝေးလုပ်နေချိန် ဒရုန်းအပါအဝင် လက်နက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာကြောင့် အစည်းအဝေးပျက်သွားတယ်လို့ ရေစကြိုမြို့နယ် ပကဖ အဖွဲ့ဆီက သိရပါတယ်။
 
ဇူလိုင်လ ၃ ရက် မနေ့က နေ့လယ် ၂ နာရီလောက်မှာ စစ်သား ၁၅၀ ဦးလောက် အစည်းအဝေး လုပ်နေတဲ့နေရာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ် ပကဖခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။
 
"ကျနော်တို့က ဒရုန်းနဲ့ အီနာဂါဗုံးသီး ၂ လုံးချတယ် လက်နက်ကြီး ၆၀ မမအစစ်နဲ့ ပစ်ခဲ့ပြီး လက်လုပ်၆၀ မမတွေပါ ပစ်တာ။ အဲဒီမှာ အစည်းအဝေးပျက်သွားတယ်။ ၂ နာရီကနေ နာရီဝက်လောက်အကြာ ပစ်ခတ်နိုင်ခဲ့တယ်။ သူတို့ဘက်ကလည်း ၆၀ မမနဲ့ပြန်ပစ်တဲ့အပြင် လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ သူတို့ဘက်က ထိခိုက်မှုတော့ရှိတယ်။ များလည်းများတယ်။ သေဆုံးမှုကတော့ သူတို့ဘက်က အင်အားတွေဖြန့်ထားတော့ စုံစမ်းဖို့မလွယ်ဘူး။" လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။
 
ဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ်ပကဖ နဲ့ သံမဏိသိမ်းငှက်ပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10