ခလရ ၂၅၆ အနီး ကင်းစောင့်နေသူတွေ တိုက်ခိုက်ခံရလို့ စစ်မှုထမ်းဟောင်းတဦး သေဆုံး

ခလရ ၂၅၆ အနီး ကင်းစောင့်နေသူတွေ တိုက်ခိုက်ခံရလို့ စစ်မှုထမ်းဟောင်းတဦး သေဆုံး

မကွေးတိုင်း၊ ရေစကြိုနယ်အခြစိုက် ခလရ ၂၅၆ တပ်အနီး ကင်းစောင့်နေတဲ့ ပျူစောထီး ၂ ဦးနဲ့ စစ်မှုထမ်းဟောင်း ၁ ဦးကို ဒေသခံကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်းဟောင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၈ ရက် ဒီမနက် ၈ နာရီလောက်က အထက်ပါ ၃ ဦးစောင့်နေတဲ့ ကင်းစခန်းကို ပစ်ခတ်တိုက်ခိုက်ရာမှာ အသက် ၇၀ နှစ်အရွယ် စစ်မှုထမ်းဟောင်း ဦးကျောက်ခဲ ဆိုသူ ထိမှန်သေဆုံးခဲ့တာလို့ ရေစကြိုမြို့နယ်-ပ.က.ဖ အဖွဲ့မှ ရဲဘော်ဝေကြီးက ပြောပါတယ်။

“စစ်မှုထမ်းဟောင်း ကျောက်ခဲကတော့ အဲဒီမှာတင် သေသွားတယ်။ ကျန် ၂ ယောက်က တပ်ထဲထွက်ပြေးတာဆိုတော့ ကျနော်တို့မလိုက်တော့ဘူး။ ကျနော်တို့ လက်နက်ကောက်ပြီး ပြန်လာခဲ့တယ်” လို့ ပြောပါတယ်။

အဲ့ဒီကင်းစခန်းဟာ တပ်ဝန်းနဲ့ မီတာ ၂၀၀ ဝန်းကျင်အကွာမှာရှိပြီး၊ ပစ်ခတ်ပြီးနောက် အလောင်းကို နေရာမှာတင်ထားခဲ့ကာ ကာဘိုင် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၀၀ ကျော်၊ ကပစ ထုတ် Short Gun ၁ လက် နဲ့ Short Gun ကျည် ၁၄ ထောင့်ကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်ကလည်း ခလရ ၂၅၆ နဲ့ ခလရ ၂၅၈ တပ်ရင်းနေရာတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်အဖွဲ့က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10