ခလရ ၂၅၈ က စစ်သားတွေ ဒရုန်းနဲ့ဗုံးကြဲခံရ

ခလရ ၂၅၈ က စစ်သားတွေ ဒရုန်းနဲ့ဗုံးကြဲခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တောင်အိုတာတိုင်ကျေးရွာအနီးမှာ မတ်လ ၂၂ ရက်မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
အင်အား ၄၀ ကျော်ပါတဲ့ ခလရ ၂၅၈ က စစ်သားတွေဟာ တောင်အိုတာတိုင်ရွာမှာ ညအိပ်တပ်စွဲပြီး ထွက်လာချိန် မနေ့မနက် ၁၀ နာရီလောက်မှာတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။


“ဒရုန်းနဲ့ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့လို့ စစ်သား ၅ ဦး ဒဏ်ရာရခဲ့တယ်။ ဒဏ်ရာရတဲ့သူတွေကို ကျောက်လှေကားအနီးမှာရှိတဲ့ GTC ကျောင်းထဲကို သုံးဘီးနဲ့တင်သွားတယ်” လို့ ပြောပါတယ်။

ဒီထိခိုက်မှုအခြေအနေတွေကို မျက်မြင်ပြည်သူတွေရဲ့ ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်ကလည်း ရေစကြိုမြို့နယ်၊ မင်းရွာက ပျူနဲ့စစ်သားတွေ ရေချိုးနေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်အဖွဲ့က ဒရုန်းနဲ့ဗုံးကြဲချ တိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ - စစ်သားတွေကို ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့သည့် ရေစကြိုမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10