ချင်းတွင်းမြစ်ထဲ စစ်ကောင်စီ ဖလပ်ခွန် ၃ စီးနဲ့ စစ်သင်္ဘော ၂ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်းမှာ လေယာဉ်ဆီသယ်လာတဲ့ ဖလပ်ခွန် ၃ စီးနဲ့ စစ်သင်္ဘော ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myanmar's Royal Dragon Army - MRDA အဖွဲ့ဆီက သိရပါတယ်။

ဩဂုတ်လ ၅ ရက် မနေ့နေ့လယ် ၂ နာရီကျော်မှာ ပခုက္ကူဘက်ကနေလာတဲ့ အဲ့ဒီရေယာဥ်တွေကို ဆားလင်းကြီးမြို့နယ်နဲ့ ညောင်ပင်ကြီးအကြား ချင်းတွင်းမြစ်ကြောင်းတနေရာမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၁၀ ဦးဝန်းကျင် သေဆုံးနိုင်သလို ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်လို့ ဆိုပါတယ်။

"မနေ့က ကတည်းက ပခုက္ကူဘက်မှာရောက်နေတယ်လို့ကြားတာ။ ကျနော်တို့က ကြိုတင်စောင့်ပြီး ၂ ပွိုင့်ခွဲပြီးပစ်ခဲ့တာ၊ တဖက်ပွင့်တွေနဲ့ လက်လုပ် ၆၀ မမ၊ ၄၀ မမ ဂန်းငယ်တွေနဲ့ ဝိုင်းပစ်ခဲ့ကြတာ။ ကျနော်တို့ကို အဲ့ဘက်နယ် အထောက်ပြောတာက ၁၀ ကောင်သေတယ်လို့ ပြောတယ်" လို့ Myanmar's Royal Dragon Army-MRDA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Myanmar's Royal Dragon Army-MRDA နဲ့ မြစ်အနောက်ဘက်မဟာမိတ် ၃ ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#ဆားလင်းကြီး #စစ်သင်္ဘော  #ပစ်ခတ်ခံရ  #စစ်ကောင်စီ  #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10