ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၁၅ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မင်းဒေါင့်ဆိပ်ကမ်းကနေထွက်လာတဲ့ စစ်ကောင်စီ သင်္ဘော ၁၅ စီးကို ချင်းတွင်းမြစ်ကြောင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ရှေ့ထွက်မိုင်းအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီ သင်္ဘော ၁၅ စီးမှာ အကျဥ်းသားတွေတင်လာတဲ့ စစ်သင်္ဘော ၂ စီး၊ ကျောက်စိမ်းတင် ၆ စီးနဲ့ သစ်တင်ထားတဲ့ ၇ စီး ပါဝင်ပြီး အကျဉ်းသားတွေကိုတော့ ထောင်ပြောင်းလာတာ ဖြစ်နိုင်တယ်လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

အဲဒီ သင်္ဘောတွေကို စက်တင်ဘာ ၂၁ ရက် မနက် ၇ နာရီခွဲလောက်က ချင်းတွင်းမြစ်ကြောင်းပေါ်က ကျွန်းကြီးဘက်မှာ ရှေ့ထွက်မိုင်း‌တွေအပါအဝင် လက်နက်ငယ်တွေနဲ့ပါ ကာကွယ်ရေးပူးပေါင်းတပ်တွေက မီတာ ၁၀၀ ဝန်းကျင် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ဗိုလ် ၁ ဦးထိမှန်လို့ ဒဏ်ရာပြင်းထန်နိုင်သလို သင်္ဘော ၃ စီးမိုင်းထိပြီး ထိခိုက်ပျက်စီးမှုတွေရှိကာ သေဆုံးစာရင်းကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

ပစ်ခတ်ခံရပြီးနောက် အဆိုပါ သင်္ဘော ၁၅ စီးဟာ ချင်းတွင်းမြစ်အောက်ဘက်ကို ပြန်စုန်ဆင်းသွားတယ်လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဘာမထီတော်လှန်ရေးတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် အမှတ် ၉ တပ်ရင်းI DIOTS COLUMN Black Tiger Attackes Force၊ ဆားလင်ကြီး လင်ယုန်လေး နဲ့ S.R.A အောင်ကြီး တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ချင်းတွင်းမြစ် #စစ်ကောင်စီ #သင်္ဘော၁၅စီး #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10