ချင်းတွင်းမြစ်ထဲမှာ စစ်သင်္ဘော ၁ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီစစ်သင်္ဘော ၁ စီးကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ရေပိုင်နက်တနေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group (CFG) အဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၁၀ ရက် မနေ့ ညနေ ၅ နာရီခွဲလောက်မှာ အဆိုပါ စစ်သင်္ဘော ၁ စီးကို ပြောင်းတိုက်၊ ရှော့တိုက်၊ လက်နက်ငယ်တွေနဲ့ ကတုတ်ကျင်းတွေထဲကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"၃ လုံး ၃ ပွိုင့် ခွဲတယ်၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်တာတွေလည်း ဖြစ်တယ်။ စစ်သင်္ဘောပေါ်မှာ ပါလာတဲ့ အင်အားကတော့ မှန်းလို့မရဘူး။ စစ်သင်္ဘောက အလုံပိတ်ကြီးပါ။ လက်နက်ငယ်တွေနဲ့ ကျနော်တို့ပစ်တာ ၅ မိနစ်လောက်ကြာတယ်။ သူတို့ဘက်က လက်နက်ကြီးနဲ့အပြင် စက်ကလေးတွေနဲ့ပါ ပြန်ပစ်တယ်။ ထိခိုက်သေဆုံးမှုကတော့အခုထိမသိရသေးဘူး။ ကျ‌နော်တို့စုံစမ်းနေဆဲပါ" လို့ Chindwin Fighter Group(CFG) တာဝန်ခံက ပြောပါတယ်။

စစ်သင်္ဘောဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ပြီး ချင်းတွင်းမြစ်ကြောင်းအတိုင်း ကလေးဝအထိ ဆက်သွားမယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ Chindwin Fighter Group (CFG)၊ မုံရွာမုံရွာခရိုင် တပ်ရင်း ၉ တပ်ခွဲ ၃၊ ဗန္ဓုလနှင့်အဖွဲ့သားများ၊ Brave Heart Army (BHA) တို့က ပူးပေါင်းတိုက်ခိုက်ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်ကလည်း ဧရာဝတီမြစ်ကနေ ချင်းတွင်းမြစ်အတိုင်းဆန်တက်လာတဲ့ လက်နက်ခဲယမ်းနဲ့ လေယာဉ်ဆီတွေသယ်လာတဲ့ စစ်ကောင်စီအမြန်ရေယာဉ် ၁၁ စီးကို Chindwin Fighter Group (CFG) အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မုံရွာ #ချင်းတွင်းမြစ်ကြောင်း #စစ်သင်္ဘော #တိုက်ခိုက်ခံရ #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10