ချင်းတွင်းမြစ်ထဲ စစ်ကောင်စီ မော်တော်ရေယာဉ် ၃ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

ဧရာဝတီမြစ်ကနေ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီမော်တော်ရေယာဉ် ၃ စီးကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အပိုင် ချင်းတွင်းမြစ်ကြောင်းတနေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group (C.F.G) အဖွဲ့ဆီက သိရပါတယ်။

ဩဂုတ် ၅ ရက် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်လောက်မှာ ဧရာဝတီမြစ်ကနေ ချင်းတွင်းမြစ်အတိုင်းဆန်တက်လာပြီး လက်နက်ခဲယမ်းသယ်လာတယ်လို့ ယူဆရတဲ့ စစ်ကောင်စီ မော်တော်ရေယာဉ် ၃ စီးကို ရှေ့ထွက်ပြောင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"လက်နက်ခဲယမ်း သယ်လာတဲ့မော်တော်ကိုတော့ ချင်းတွင်းမြစ်ကြောင်း ပေါင်းဝရွာထိပ်မှာ ရှေ့ထွက်ပြောင်း ၁၁ ပြောင်းနဲ့ ပွိုင့် ၃ ပွိုင့်ခွဲပြီး တိုက်ခိုက်ခဲ့တာ၊ နောက်တပွိုင့်ကကျတော့ ရွှေကုန်းရွာထိပ်မှာ လက်နက်သယ်လာတဲ့ သင်္ဘောကို ကာဗာပေးနေတဲ့ စစ်သင်္ဘောကို ရှေ့ထွက်ပြောင်း ၁၀ ပြောင်းနဲ့  တိုက်ခိုက်ခဲ့တာ" လို့ Chindwin Fighter Group (C.F.G) တာဝန်ခံက ပြောပါတယ်။

အခုလိုပစ်ခတ်တိုက်ခိုက်တာမှာ စစ်သင်္ဘောတစီးကို ထိမှန်ပြီး မင်းဒေါင့်ဆိပ်ကမ်းမှာ ကပ်ထားကာ သေဆုံးထိခိုက်မှုကိုတော့ စုံစမ်းနေဆဲလို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Chindwin Fighter Group (C.F.G)၊ Framers Revolution Force - ၃ မုံရွာခရိုင် တပ်ရင်း(၁၀)၊ မုံရွာခရိုင်တပ်ရင်း(၉) တပ်ခွဲ (၃) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မုံရွာ #ချင်းတွင်းမြစ် #စစ်ကောင်စီမော်တော်ရေယာဉ် #တိုက်ခိုက်ခံရ #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10