ချင်းတွင်းမြစ်ထဲ စစ်သင်္ဘော ၁၃စီးကို PDFတွေ ၃နေရာခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက ချင်းတွင်းမြစ်တနေရာမှာ စစ်သင်္ဘော ၁၃စီးကို စက်တင်ဘာ ၂၂ရက် မနက် ၈နာရီကျော်မှာ PDFတွေ ၃နေရာခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ကျောက်လုံးကြီးတပ်မဟာ ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။

ကနီမြို့ ဆိပ်ကမ်းကနေ မုံရွာမြို့ကိုသွားနေတဲ့ အဲဒီသင်္ဘော ၁၃စီးကို လက်နက်ကြီး၊ လက်နက်ငယ်၊ စနိုက်ဘာတို့နဲ့  ၁နာရီကြာတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း သင်္ဘော ၁စီး လက်နက်ကြီးထိမှန်ခဲ့တာကြောင့် အဲဒီ ၁စီးကိုနောက် ၁စီး နဲ့ ဆွဲခေါ်သွားခဲ့ရတယ်လို့ ပြန်ကြားရေအဖွဲ့ တာဝန်ခံက ဆိုပါတယ်။

"လက်နက်ကြီးထိမှန်တဲ့ သင်္ဘောက စက်ရပ်သွားတယ်။ အဲသင်္ဘောက စကစတွေရဲ့ထိခိုက် ၊ သေဆုံးမှု ရှိ မရှိတော့မသိရဘူး။"လို့ ယင်းမာပင်ခရိုင် တပ်ရင်း (၂၁၊၂၂၊၂၃) KLG- PDF ကျောက်လုံးကြီးတပ်မဟာ ပြန်ကြားရေးတာဝန်ခံ ATက ပြောပါတယ်။

သင်္ဘောတွေပေါ်ပါတဲ့စစ်သားတွေနဲ့ PDFပူးပေါင်းတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှု ဖြစ် ပြီးတဲ့နောက် အဲဒီသင်္ဘော ၁၃စီးဟာ မုံရွာမြို့အလုံမင်းဒေါင့်ဆိပ်ကမ်းကို ရောက်ရှိသွားခဲ့တယ် လို့ သူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ယင်းမာပင်ခရိုင် တပ် ရင်း ၂၁/၂၂/၂၃ KLG- PDF (ကျောက်လုံးကြီး)အဖွဲ့၊ ကနီ-ယင်းမာပင်-ဆားလင်းကြီး-ပုလဲ တပ်မဟာအဖွဲ့၊ ဒေသခံ ပကဖတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁နဲ့ ၁၂ရက်တွေမှာလည်း ကျောက်လုံးကြီးတပ်မဟာနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မုံရွာမြို့နယ် အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ ဟုမ္မလင်းမြို့နယ်ဘက်ကို လက်နက်၊ ရိက္ခာတွေပို့ဖို့ထွက်ခွာလာတဲ့ စစ်သင်္ဘော ၇စီးကို ကနီမြို့ နယ်ထဲအရောက်မှာ ၂ကြိမ်တိုက်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကနီ #ချင်းတွင်းမြစ် #စစ်သင်္ဘော၁၃စီး #တိုက်ခိုက်ခံရ #စစ်သား #ထိခိုက် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10