သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဒီနေ့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ (ပထမနေ့) ပွဲစဉ်တွေ ပြီးဆုံးခဲ့ပြီဖြစ်ကာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်နဲ့ ပီအက်စ်ဂျီ အသင်းတို့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းခဲ့ပြီပဲ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းက ဘင်ဖီကာအသင်းကို ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄-၁ နဲ့ ကွာတားဖိုင်နယ်ရောက်ရှိခဲ့တာပါ။ မနက်ဖြန်ယှဉ်ပြိုင်မယ့် လိုင်လီနဲ့ ဒေါ့မွန်အသင်းက အနိုင်ရသူနဲ့ ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမှာပါ။
ဘိုင်ယန်မြူးနစ်အသင်းကတော့ လေဗာကူဆင်ကို ၀-၂ ရလဒ်နဲ့နိုင်ခဲ့ပြီး နှစ်ကျော့ပေါင်း ၅-၀ ရလဒ်နဲ့အပြတ်အသက်အနိုင်ရယူကာ ကွာတားဖိုင်နယ် တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ ကွာတားဖိုင်နယ်မှာတော့ ဖီယင်နုကို အနိုင်ရရှိခဲ့တဲ့ အင်တာမီလန်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
နောက်ထပ်ပွဲစဉ်မှာတော့ အင်တာမီလန်အသင်းက ဖီယင်နုအသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ကာ နှစ်ကျော့ပေါင်း ၄-၁ နဲ့ ကွာတားဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။ အင်တာမီလန်အသင်းက ကွာတားဖိုင်နယ်အဆင့်မှာ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
ဒီရာသီ ၁၆ သင်းအဆင့်မှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပွဲတွေထဲက တစ်ပွဲဖြစ်တဲ့ လီဗာပူးလ်နဲ့ ပီအက်စ်ဂျီပွဲမှာတော့ ၀-၁ ရလဒ်နဲ့ ပီအက်စ်ဂျီအသင်း အနိုင်ရရှိခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၁-၁ ဖြစ်နေတာကြောင့် အချိန်ပိုနဲ့ ပင်နယ်တီအထိ ဆက်ကစားခဲ့ရပါတယ်။ ပင်နယ်တီ အဆုံးအဖြတ်မှာတော့ ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာရဲ့ လက်စွမ်းပြကာကွယ်မှုတွေနဲ့အတူ ပင်နယ်တီ ၁-၄ ရလဒ်နဲ့ ပီအက်စ်ဂျီတို့ ကွာတားဖိုင်နယ်ကို တက်လှမ်းခဲ့ပါပြီ။ ကွာတားဖိုင်နယ်မှာတော့ အက်စတွန်ဗီလာနဲ့ ကလပ်ဘရုဂျ်က အနိုင်ရရှိတဲ့အသင်းနဲ့ တွေ့ဆုံရမှာပါ။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ (ဒုတိယနေ့) ပွဲစဉ်တွေကိုတော့ မနက်ဖြန် မနက်ပိုင်းမှာ လိုင်လီနဲ့ဒေါ့မွန်၊ အာဆင်နယ်နဲ့ပီအက်စ်ဗွီ၊ အက်စတွန်ဗီလာနဲ့ကလပ်ဘရုဂျ်၊ အက်သလက်တီကိုမက်ဒရစ်နဲ့ရီရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Photo - UEFA Champion League.
#မြေလတ်အသံ
#ချန်ပီယံလိဂ် #ဘာစီလိုနာ #ဘိုင်ယန်မြူးနစ် #အင်တာမီလန် #ပီအက်စ်ဂျီ
Share Share Share