ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲပြီးရလဒ်များ (အားကစားသတင်း)

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲပြီးရလဒ်များ (အားကစားသတင်း)

ဒီနေ့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့​ (ဒုတိယနေ့) ပွဲစဉ်တွေ ပြီးဆုံးခဲ့ပြီဖြစ်ကာ ဒေါ့မွန်၊ အာဆင်နယ်၊ အက်စတွန်ဗီလာနဲ့ ရီရဲလ်မက်ဒရစ် အသင်းတို့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပါပြီ။

ဒေါ့မွန်အသင်းက လိုင်လီအသင်းကို ၁-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ၂-၃ နဲ့ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်အဆင့်မှာတော့ ဒေါ့မွန်နဲ့ ဘာစီလိုနာတို့ တွေ့ဆုံမှာပဲဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ ပီအက်စ်ဗွီကို ၂-၂ ရလဒ်နဲ့ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ၉-၃ နဲ့ ကွာတားဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာတော့ လက်ရှိချန်ပီယံ ရီရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရမှာပါ။

နောက်ထပ်ပွဲစဉ်မှာတော့ အက်စတွန်ဗီလာအသင်းက ကလပ်ဘရုဂျ်အသင်းကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ကာ နှစ်ကျော့ပေါင်း ၆-၁ နဲ့ ကွာတားဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။ အက်စတွန်ဗီလာက ပီအက်စ်ဂျီနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

၁၆ သင်းရှုံးထွက်အဆင့်ရဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးတစ်ပွဲဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ ရီရဲလ်မက်ဒရစ်တို့ရဲ့ မက်ဒရစ်ဒါဘီမှာတော့ ၁-၀ ရလဒ်နဲ့ အက်သလက်တီကိုက အနိုင်ရရှိခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၂-၂ ဖြစ်နေတာကြောင့် အချိန်ပိုနဲ့ ပင်နယ်တီအထိ ဆက်ကစားခဲ့ရပါတယ်။ ပင်နယ်တီ အဆုံးအဖြတ်မှာတော့ အက်သလက်တီကိုက အဲဗာရက်ဇ်နဲ့ လော်ရန်တေးတို့ရဲ့ လွဲချော်မှုတွေကြောင့် ပင်နယ်တီ ၂-၄ ရလဒ်နဲ့ လက်ရှိချန်ပီယံ ရီရဲလ်မက်ဒရစ်တို့ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာတော့ ရီရဲလ်မက်ဒရစ်နဲ့ အာဆင်နယ်တို့ တွေ့ဆုံရမှာပါ။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကို ဧပြီ ၉ ရက်နဲ့ ဒုတိယအကျော့ပွဲစဉ်တွေကို ဧပြီ ၁၆ ရက်တို့မှာ ယှဉ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။

Photo - UEFA Champion League.

 

#မြေလတ်အသံ

#ချန်ပီယံလိဂ် #ဒေါ့မွန် #အာဆင်နယ် #အက်စတွန်ဗီလာ #ရီရဲလ်မက်ဒရစ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10