ချောက်က စစ်သားနဲ့ရဲတွေ အလင်းဝင်ကြဖို့ CGF သတိပေး

ချောက်က စစ်သားနဲ့ရဲတွေ အလင်းဝင်ကြဖို့ CGF သတိပေး

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ရဲတွေကို အလင်းဝင်ကြဖို့ Chauk Guerrilla Force (C.G.F) အဖွဲ့က နိုဝင်ဘာ ၂၁ ရက် ဒီနေ့မနက်မှာ သတိပေးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

ချောက်မြို့၊ သခင်ဖိုးလှကြီးရုပ်ထု ပန်းခြံအရှေ့မှာ “အဘအတွက်အသေခံမလား ပြည်သူ့ထံ အလင်းဝင်မလား မင်းတို့ရွေး” စာသားပါ ဘန်နာကိုချိတ်ဆွဲ သတိပေးခဲ့တာပါ။ 

“ကျနော်တို့ နောက်ဆုံးပြောချင်တာကတော့ တိုင်းပြည်ကို ဆင်းရဲတွင်းနစ်အောင် စစ်ကောင်စီရဲ့ လက်အောက်မှာနေပြီး လူတစုလက်တဆုပ်စာအတွက် အသက်ကိုပေးပြီး မကာကွယ်ဘဲနဲ့ ပြည်သူတွေဘက်ကနေပြီးတော့ မားမားမတ်မတ်ရပ်တည်ပြီးတော့ အလင်းဝင်ကြပါ” လို့ Chauk Guerrilla Force (C.G.F) တာဝန်ခံ ကိုလတ်က ပြောပါတယ်။

ဒါ့အပြင် CGF အဖွဲ့ထဲကို ဝင်လာမယ်ဆိုရင်လည်း ကောင်းမွန်စွာစောင့်ရှောက်ထားမှာဖြစ်ပြီး လက်နက်တွေ ပါလာမယ်ဆိုရင်လည်း ဆုငွေတွေ ချီးမြှင့်သွားမယ်လို့ ကိုလတ်က ဆက်ပြောပါတယ်။ 

လက်ရှိမှာတော့ ချောက်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၉ ရက်လောက်ကစလို့ လုံခြုံရေးတွေတင်းကျပ်ထားပြီး ဘိလပ်မြေအိတ်‌တွေအထပ်ထပ်နဲ့ ဘန်ကာတွေ တည်ဆောက်နေတယ်လို့လည်း သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #ချောက် #CGF #စစ်သား #ရဲ #အလင်းဝင် #သတိပေး #သတင်း #မြေလတ်သတင်း #ဘန်နာချိတ်ဆွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10